Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Content Marketing ဆိုတာဘာလဲ။

လူတွေက ကြွယ်ရမယ်တို့။
လူတွေ ဝယ်ရမယ်တို့။
ကိုယ့်ကို ဘာလာစမ်းစမ်း ဘယ်ရမလဲဆိုတာမျိုး
ထင်အောင် လုပ်ကြတယ်ထင်တာ။

Content marketing ဆိုတာ
ပြဿနာဖြေရှင်းခြင်းပဲ။
ဘယ်သူ့ပြဿနာလဲ။
ကိုယ့်စာဖတ်သူပြဿနာ။

ဒီတော့
ကိုယ့်ဖောက်သည် ကြုံတွေ့နေတဲ့ပြဿနာတွေက
ဘာတွေလဲ။
ပြဿနာက level သုံးခုကြောင့်
ကြုံရတတ်တယ်။

1. Conceptual Problems
အယူအဆအပိုင်း။
ဥပမာ Social Media ကို
အထင်ကြီးအောင််လုပ်တဲ့ platform လို့မြင်နေရာကနေ
Social Media ဆိုတာ
စကားပြော platform “conversation platform” လို့
မြင်အောင် ပြောပြပေးလိုက်တဲ့အခါ
သူတို့ ကြုံတွေ့နေရတဲ့ ပြဿနာအများစု
ပျောက်သွားမယ်။

2. Human Problems
ပြဿနာအများစုက
ကိုယ့် အယူအဆကို လူတွေနားလည်
လက်ခံအောင် မပြောနိုင်၊
မသိမ်းသွင်းနိုင်တဲ့အတွက်ဖြစ်တဲ့
ပြဿနာ။

3. Technical Problems
ဒါကတော့ လုပ်ရင်းကိုင်ရင်းဖြစ်တဲ့
ပြဿနာလေးတွေ။
ဥပမာ Facebook policy လေးနဲ့ငြိနေလို့
ဘယ်လို လုပ်ရမလဲ။

Content Marketing လုပ်တဲ့အခါ
ကိုယ့် content တွေက
ဘယ်ပြဿနာကို ဖြေရှင်းနေတာလဲ
သေချာ သိဖို့လိုတယ်။

Guerrilla Marketing
Coach Low cost, high impact
စရိတ်နည်းပါးထိရောက်မှုဆပွါး
#gmc
#sapwar

Share Your Idea!​