Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Content Marketing Plan တည်ဆောက်ဖို့ ကိုးဆင့်

Content Marketing စလုပ်တဲ့အခါ နှစ်ခုကို အဓိကစဥ်းစားပါတယ်။

၁။ ကိုယ့်ရဲ့ Business/Marketing Goals နဲ့ကိုက်သလား?
၂။ အချိန်နဲ့ ငွေအနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်မလား?

နောက်အဆင့်ကိုးဆင့်နဲ့ စဥ်းစားပါတယ်။

1. Theme

Content Marketing တည်ဆောက်တဲ့အခါ Content Theme အရင်တည်ဆောက်ပါတယ်။ ဥပမာ ကိုယ့်လုပ်ငန်းက Cosmetics တွေကို Online Shop လုပ်နေတယ်ဆိုရင် ၁။ အလှအပအတွက် ၂။ Celebrity ၃။ Knowledge Corner အစရှိတဲ့ theme တွေခွဲလိုက်လို့ရပါတယ်။

2. Idea

Theme တစ်ခုချင်းစီအတွက် Idea တွေ ပြန်ထုတ်ရပါတယ်။ ဥပမာ Beauty Theme အတွက်ဆို 1. အသားအရည်စိုပြေအောင် 2. အသားဖြူစေတဲ့လူသိနည်းလျို့ဝှက်ချက် 3. Social Media Beauty အစရှိတဲ့ idea တွေထုတ်ပြီးနောက်အဆင့်တွေကို ပြန်သွားလို့ရပါတယ်။ ဒါမှမဟုတ် Celebrity Theme အတွက်ဆို 1. Celebrity ဘယ်သူရဲ့အသားအရည်ထိန်းသိမ်းနည်း အစရှိတဲ့ idea တွေ ဖြန့်ကျက်သွားလို့ရပါတယ်။

3. Title

idea တစ်ခုချင်းစီကို ခေါင်းစဥ်ဘယ်လိုပေးမလဲဆိုတဲ့အပိုင်းပါ။ ဥပမာ Celebrity name ရဲ့အလှအပအကြံပေး ၄ ချက်

4. Content Flow

ဒီအချက်လေးချက်ကို ဘယ်လို flow မျိုးနဲ့တည်ဆောက်လဲ?

5. Content Type

Blog, Video & Graphic ဘယ်လိုပုံစံနဲ့သွားမှာလဲ?

6. Content Objective ကဘာဖြစ်မလဲ? ကိုယ့် cosmetics မှာပါတဲ့ ingredient အကြောင်းအသိပေးမှာလား?

7. Target readers တွေကဘယ်သူတွေလဲ?

8. ဘယ်နေ့မှာတင်မှာလဲ?

9. Follow-up content တွေကဘာတွေထပ်လာမှာလဲ?

ဒီလို format တွေအကုန်လုံး Akyanpay ပေးမှာ marketing scoring system ပါအပါ update လုပ်နေရင်း။

Phyo Paing @ Derek

Share Your Idea!​