Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Tony Hsieh ရဲ့ Delivering Happiness

August 2020 အသက် 47 ပြည့်ဖို့ နှစ်ပတ်အလိုမှာ
ကွယ်လွန်သွားခဲ့တယ်။

ဒါကတော့ Customer Service လို့ပြောလိုက်ရင် ကမ္ဘာ့ထိပ်တန်းဖြစ်တဲ့ Tony Hsieh ဖြစ်တယ်။


မိဘတွေက Taiwan ကနေ US ကိုပြောင်းရွေ့ခဲ့ပြီး
ငယ်ကတည်းက entrepreneurial ဖြစ်ခဲ့သလို
Harvard, Brown, MIT ထိပ်တန်းကျောင်းတွေ
အကုန်က လက်ခံပြီး Brown တက်ချင်ပေမယ့်
Asian မိဘတွေရဲ့အလိုအရ Harvard မှာ
computer science နဲ့ ကျောင်းပြီးခဲ့တယ်။
Oracle မှာ ခြောက်လလောက်အလုပ်ဝင်လုပ်ပြီး
ပျင်းလို့ side project တစ်ခုစခဲ့ပြီး
ဒီ side project က Linkexchange ဆိုတာ
ဖြစ်လာခဲ့တယ်။
1998 မှာ Microsoft က သန်း $265 နဲ့
ဝယ်ယူခဲ့တယ်။
1999 မှာ Nick Swinmurn က သူ့ကိုချဥ်းကပ်ရင်း
Zappos မှာ သူ့ကုမ္ပဏီဖြစ်တဲ့ Venture Frogs က
ရင်းနှီးမြုပ်နှံမှု လုပ်ခဲ့သလို
နောက်ပိုင်း Zappos ရဲ့ CEO အနေနဲ့
တာဝန်ယူခဲ့တယ်။


Zapo ဆိုတာ စပိန်လို shoe လို့အဓိပ္ပာယ်ရပြီး
Nick ရဲ့ idea ဖြစ်တယ်။
ဇစ်ပိုနဲ့ မှားမှာဆိုးလို့ P တစ်လုံးပိုထည့်ခိုင်းလိုက်တယ်။
စတုန်းက shoesite ဆိုတဲ့ နာမည်နဲ့စခဲ့ကြတယ်။
သူတာဝန်ယူတဲ့တစ်လျှောက်မှာ
Dotcom crash နဲ့ 9/11 တွေဖြစ်သလို
Business Model ကိုပြန်ပြောင်းရတာတွေ
လုပ်ငန်းရဲ့ promise ကို တဆင့်ဆင့်ပြောင်းလဲခဲ့တာတွေက
နောက်ဆုံး delivering happiness ဆိုတာဖြစ်လာခဲ့တယ်။
Business Model အပြောင်းအလဲမှာ
logisitcs အတွက် Kentucky မှာ warehouse
ရှိတဲ့ elogistics ကို အသုံးပြုတဲ့အခါ
ကားမှောက်ရာက ပလုပ်သုတ်ခေါက်သွားတယ်။
အဲ့မှာ never outsource your core competency
ဆိုတဲ့ အသိရလာခဲ့တယ်။


နောက်ပိုင်း Zappos ကို San Francisco ကနေ
Las Vegas ကို ရုံးပြောင်းခဲ့တယ်။
အဓိက ကုန်ကျစရိတ်ခြွေတာဖို့ရယ်၊
talent တွေအတွက်ရယ်။
HBR ဆောင်းပါးတစ်ခုမှာရေးထားတာအရ
ပြောင်းရွေ့ကုန်ကျစရိတ် ဒေါ်လာ ၅ သိန်းကုန်ပြီး
ကြာချိန် single 10 ရက်၊ married 15 ရက်ကြာခဲ့တယ်။
၂၀၀၅ မှာ Amazon CEO Jeff Bezos နဲ့
တွေ့ခဲ့သလို 2009 July မှာ
Amazon က $1.2 Billion နဲ့ဝယ်ယူခဲ့တယ်။

Delivering Happiness
စာတစ်အုပ်လုံးဟာ စိတ်ဝင်စားစရာ
အရမ်းကောင်းပြီး သူ့ကိုပိုချစ်လာတယ်။
နောက်ပြီး Happiness Framework သုံးခုကို
ဖော်ပြထားသလို ဝန်ထမ်းတွေကို training
ပေးအပြီး အလုပ်ထွက်မယ်လို့ဆုံးဖြတ်ချက်
ချခဲ့မယ်ဆိုရင်တောင် လစာပေးပြီးထုတ်တဲ့
Culture က PR ဖြစ်ခဲ့ပြီး ဒါဟာ delivering happiness
ရဲ့ By-product ဖြစ်တယ်လို့ပြောခဲ့ပြီး
Be passionate, share your stories နဲ့ be real ဟာ
PR အတွက် အရေးအကြီးဆုံးလို့ပြောခဲ့တယ်။


Zappos ရဲ့ ကမ္ဘာကျော် core values 10 ခု
မပေါ်ခင် Culture mini-book ကို develop
လုပ်ခဲ့တဲ့အကြောင်း စုံစုံလင်လင်ရေးထားတယ်။
နောက်ဆုံး Jeff Bezos နဲ့ လက်မှတ်ထိုးပြီး
Snoop Dogg နဲ့ recording studio မှာကဲခဲ့တာ
Donald Trump ရဲ့သမီး
Ivanka Trump ရဲ့ Trump Card စာအုပ်မှာ
excerpt ရေးထားတာပါထည့်ပြီး
သူ့စာအုပ်ကိုရေးပေးတဲ့ ghost writer က
တော်တော်စွမ်းတယ်ပြောရမယ်။


အရမ်းကောင်း၊ အရမ်း inspiring ဖြစ်စေတဲ့
စာတစ်အုပ်ဖြစ်ပြီး Toe Tet Insider’s Note အတွက် No.92 မြောက်အနေနဲ့
ဖတ်လိုက်ဖြစ်တာ
အတော်လေးစိတ်ကျေနပ်မှုရှိစေတဲ့အတွက်
အားလုံးဖတ်သင့်တဲ့စာအုပ်လေးလို့မြင်တယ်။


Phyo Paing @ Derek

Share Your Idea!​