Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Most Popular Posts

my lifework

Differentiate or Die

ကိုယ့်မားကတ်တင်းမအောင်မြင်တာ
“Me Too” ဖြစ်နေလို့။
သူက အဲ့စျေးလား၊
ငါလဲ အဲ့စျေးပေးတယ်။
သူ့ ပုံစံအတိုင်း ငါလုပ်ပေးလို့ရတယ်။
ဒါဆို “Me Too” ဖြစ်နေပြီ။

မားကတ်တင်းမှာ Differentiate or Die လို့
ကျွန်တော်ကတော့ နာမည်ပေးထားတယ်။

မတူအောင်လုပ်မှာလား၊ ကျဆုံးမှာလား။

မတူအောင်လုပ်တာကို
မားကတ်တင်းမှာ positioning လိုခေါ်တယ်။
လူတွေရဲ့ နှလုံးသားတစ်ထောင့်မှာ
ဘယ်လို ပုံစံနေရာယူမလဲဆိုတဲ့
ကြိုးစားအားထုတ်မှုပဲ။

ဘယ်လိုပုံစံ positioning လုပ်ကြသလဲဆို
အလွယ်ကူဆုံး 7 P နဲ့လုပ်တယ်။

၁။ ဒီဇိုင်းကာလာ ဘာညာအနေအထားနဲ့
မတူညီအောင်လုပ်လို့ရတယ်။
ဒါကို Product လို့ခေါ်တယ်။
ဖောက်သံမလိုတဲ့ နို့ဆီဗူးဆို
One Tea ကို ပြေးမြင်သလိုပေါ့။

၂။ ပေါချောင်ကောင်းဖုန်းလို့ပြောလိုက်ရင်
ကွာလတီကောင်းပြီး စျေးသက်သာတယ်ဆိုတဲ့
Xiaomi ဖုန်းတွေကို ပြေးမြင်တတ်ကြတယ်။
ဒါကိုတော့ စျေးနှုန်း Price နဲ့ မတူအောင်
လုပ်လို့ရတယ်။

၃။ ခလုတ်တံချက်နှိပ် ကိုယ့်ရှေ့ taxi
ရောက်လာမယ်ဆိုရင် Grab ကိုပြေးမြင်တယ်။
ဆိုင်ရွေး ခလုတ်နှိပ် Panda လိုက်ဆို
Food Panda ပြေးမြင်တယ်။
ဒါကို Place လို့ခေါ်တဲ့ ဖြန့်ချီရေးပုံစံနဲ့
မတူအောင်လုပ်တယ်။

၄။ Selfie ရိုက်လိုက်ရင် ကိုယ့်ကိုကိုယ်တောင်
မမှတ်တော့ဘူး။ အရမ်းချောလွန်းလို့ဆို
Oppo ကိုစဥ်းစားမိတယ်။
ဒါက ကြော်ငြာတဲ့ပုံစံ Promotion လုပ်တဲ့နည်းနဲ့
မတူညီကွဲပြားအောင်လုပ်တာ။

၅။ ဟိုးအရင်ခေတ် ဘဏ်မှာ စမတ်ကျတဲ့
ဝန်ထမ်းတွေရှိတယ်ဆိုရင်
ယူနီဖောင်း စိမ်းနုနုရောင်လေးနဲ့
KBZ bank ကို ပြေးမြင်ကြတယ်။
ဒါက People လူတွေရဲ့ပုံစံနဲ့
မတူညီအောင်လုပ်တာ။

၆။ ဘူဖေးစားမယ်။
ထိုင်ရာမထ QR code လေးကို scan လိုက်
ပြီးရင် မှာချင်တာမှာ။
အရှေ့မှောက်ရောက်လာမယ်။
ဒါဆို ဂျပန်ရဲ့ AKA buffet ကိုစဥ်းစားမိလိမ့်မယ်။
ဒါက ဖြစ်စဥ် Process နဲ့ မတူညီအောင်လုပ်တာ။

၇။ အရင်ဝင်းဦးခေတ်ကို ပြန်ရောက်သွားသလိုပဲ။
အရင်ခေတ် ဓာတ်ပုံတွေ ဒီဇိုင်းတွေ၊
ဒီကိုရေးရှင်း decoration တွေနဲ့ဆို
ပြင်ဦးလွင် Feel စားသောက်ဆိုင်ကိုစဥ်းစားမိမယ်။
ဒါက Physical evidence နဲ့ မတူအောင်
လုပ်ထားတာလို့ပြောရင် မမှားဘူး။

ထူးဖို့လိုတယ်။
Me Too မဖြစ်ဖို့လိုတယ်။
ဘာကြောင့်လဲဆိုတော့ ခေတ်က
Do or Die ခေတ်မဟုတ်တော့ဘူး။
Htoo or Die (Differentiate or Die)
မထူးခြားရင် ဂွိမည့်ခေတ်ဖြစ်သွားပြီ။

Phyo Paing @ Derek
Guerrilla Marketing Coach
Low cost, high impact
စရိတ်နည်းပါးထိရောက်မှုဆပွါး
#gmc
#sapwar

Share Your Idea!​