လူတွေကြုံတွေ့နေတဲ့ ပြဿနာတွေကူညီဖြေရှင်းပေးပြီး ငွေရှာနေတဲ့သူကို စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entrepreneur) လို့ ခေါ်ကြတယ်။ လူနဲ့ ပြဿနာနဲ့ ခွဲမရတာကြောင့် လူရှိနေသမျှ ပြဿနာသစ်တွေကတော့ အနည်းနဲ့အများ ရှိနေအုံးမည်။
1. Problem
စွန့်ဦးတီထွင်လုပ်မည့်သူတစ်ယောက်အနေနဲ့ ပထမဆုံး စဉ်းစားရမှာ ကိုယ်က ဘယ်ပြဿနာကို solve လုပ်ပေးမှာလည်း။ တခါတလေ ကိုယ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းရင်းက million dollar business တစ်ခု ဖြစ်လာနိုင်ပါတယ်။
2. Passion
ကိုယ်တိုင်ကလည်း ဒီပြဿနာကို ဖြေရှင်းပေးဖို့ စိတ်ဝင်စားသဘောကျရပါမည်။ Passion ရဲ. အဓိပ္ပာယ်ကတော့ ကိုယ်လုပ်တဲ့အလုပ်ကို နှစ်သက်ခြင်းဖြစ်ပါတယ်။ ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ငွေရမည့်လုပ်ငန်းအများစုဟာ ရုပ်ရှင်တည်းကလို မလွယ်ကူပါဘူး။ အခက်ခဲတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် ငွေမျက်နှာ တစ်ခုတည်းကြည့်ပြီး အလုပ်ကို တကယ် တမ်းတမ်းတတ ချစ်မြတ်နိုးတဲ့စိတ်မရှိဘူးဆိုရင် ရေရှည်မှာ အောင်မြင်ဖို့မလွယ်ကူပါဘူး။
3. Plan
ကိုယ်လိုချင်တဲ့နေရာ တစ်ခုရောက်ဖို့ အတွက် Plan လိုပါတယ်။ Solution တစ်ခု skill တစ်ခုကို $ ငွေရေးကြေးရေးအနေနဲ့ ပြောင်းလည်းဖို့က Plan ကောင်းကောင်းတစ်ခု ရှိမှ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
Phyo Paing @ Derek