Facebook မရရင် ဘာလုပ်ကြမလဲ။
ကျွန်တော့်အမြင်လေး ပြောပြပါရစေ။
တင်၊ မြင်၊ မေး၊ ဝယ်၊ ထပ်ဝယ်၊ ညွှန်း။
ဒီ စက်ဝိုင်းအကုန်လုံးရပြီး
အသုံးလဲများတာကတော့
လူမှုကွန်ယက်မှာ
Facebook, Instagram, Tik Tok နဲ့ LinkedIn ပါ။
Facebook ပိတ်ရင် Instagram လဲပါမယ်။
LinkedIn က အလုပ်အတွက်သီးသန့်။
ဒါဆို Tik Tok ကျန်တယ်။
Messaging အသားပေးတဲ့ထဲမှာ
Viber, Telegram က
သတင်းထုတ်ပြန်တာ၊
မေး၊ ဝယ် လုပ်လို့ရကြတယ်။
ဒါပေမယ့် လုပ်ငန်းရှင်တွေအတွက်
တင်၊ မြင်၊ မေး ဒီသုံးခုအရေးကြီးတယ်။
YouTube မှ တင်၊ မြင်ပြီး
Website ကိုလွတ် မေး၊ ဝယ် လို့ရအောင်တော့
လုပ်လို့ရတယ်။
ဒီ Facebook နဲ့ Tik Tok တွေက
သူများစူပါမားကတ် မောလ်မှာ
ဆိုင်ဖွင့်ရသလိုဖြစ်တဲ့အတွက်
Shared media လို့ခေါ်ပြီး
ကိုယ်ပိုင် website/ app ကိုတော့
Own media လို့ခေါ်ကြတယ်။
ဘယ်လောက်ပိတ်ပိတ်
ကိုယ်တိုင် website/ app နဲ့
sales channel ရှိနေပြီး
ဝယ်နေကျသူတွေကို
ကိုယ်ပိုင် channel က ဝယ်နေကျဖြစ်အောင်
Train ထားမှ အနာဂတ်ကစိတ်ချရမယ်။
Facebook is the new internet ကနေ
Multi-channel လုပ်
ရောင်းတာကို ကိုယ်ပိုင် channel ကို
တဖြည်းဖြည်းပြောင်း။
အရေးကြီးတဲ့ နေရာတွေဖြစ်တဲ့
Facebook, Tik Tok, YouTube
Viber နဲ့ Telegram မှာ ရှိဖို့လိုမယ်။
Facebook က vpn ကျော်ခွရင်
ရအုံးမယ်။
နှေးသွားတာရှိမယ်။
Video တွေကြည့်ရတာ နည်းနည်း
စိတ်ရှည်ရတာမျိုးဖြစ်မယ်။
ဆက်ရှိနေအုံးမယ်လို့ မြင်တယ်။
နောက် ကိုယ်ပိုင် website/app ကနေ
အရောင်းဖြစ်နေရမယ်။
၆ လ အတွင်း ၂၀% အထက်
ပြောင်းဖို့ ကြိုးစားကြည့်။
အလုပ်တော့ နည်းနည်းရှုပ်မယ်။
ဒါပေမယ့် အနာဂတ်အန္တရာယ်
ကာကွယ်ထားနိုင်မယ်။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay