Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Facebook မှာကြော်ငြာတဲ့အခါ သိသင့်တဲ့အချက် ကိုးချက်

၁. ကိုယ့်ကြော်ငြာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ? လူသိဖို့လား၊ စုံစမ်းမေးမြန်းမှုတွေယူပြီး data ယူထားချင်တာလား၊ ရောင်းချင်တာလား?

၂. ကိုယ့်ရဲ့ target audience မှန်ရဲ့လား? Demographic အရ နေရာ၊ အသက်အရွယ်၊ ဝင်ငွေ၊ စိတ်ဝင်စားမှု အစရှိသည်။ အတိုကောက်အနေနဲ့ PUDOG – Psychographic, Usage, Demographic, Occassion အခါသမရ, Geographic နေရာကိုစဉ်းစားရမယ်။

၃. Budget ဘယ်လောက်သုံးမှာလဲ? ဘယ်အချိန်တွေမှာကြော်ငြာမလဲ? ဘယ်လောက်ကြာကြာကြော်ငြာမလဲ? မကြော်ငြာခင် ဖောက်သည်တွေရဲ့ Customer Life-time Value (CLV) ကိုတစ်ချက်ချိန်ကြည့်ရမယ်။

=====================
နံပတ် ၁ က Campaign Objective နံပတ် ၂ နဲ့ ၃ ကို Ads Set လို့ခေါ်ပါတယ်။ နံပတ် ၄ ကတော့ Ads creative ပါ။
=====================

၄. ကြော်ငြာ Ads Visual ဓာတ်ပုံသို့ Video ကိုသေချာပြင်ဆင်ပါ။ Ads Visual က 60% ကျော်အရေးပါပါတယ်။ Graphic ကို Canva, iOS မှာ ဆိုရင်တော့ Over App, PromoRepublic တို့ကတော့ Photoshop မတတ်လည်းအလွယ်တကူသုံးလို့ရပါတယ်။

၅. ကြော်ငြာရေးနည်း Copywriting ကတော့အသက်ပါ။ အရေးအသားနှင့် တီထွင်ဆန်းသစ်မှုပေါ်မူတည်ပြီး Lead Generation မှာအများကြီးသက်ရောက်မှုရှိပါတယ်။ ခေါင်းကြီးပိုင်း၊ စာကိုယ်နဲ့ Go To Action သုံးပိုင်းအကြမ်းဖျင်းခွဲလို့ရတယ်။ ခေါင်းကြီးပိုင်းရေးတာကတော့ အရေးအကြီးဆုံးဖြစ်တယ်။

၆. ကြော်ငြာ Format ကိုရွေးချယ်ဖို့။ 2017 Thailand က Facebook Director ပြောသွားတာ ၂၀၁၇ – ၂၀၁၈ ဟာ mobile video ခေတ်တဲ့။ Canvas ပုံစံနဲ့ Story-telling မျိုးလုပ်နိုင်သလို၊ သာမာန်ပို့တင်တာ၊ Message ပို့စေချင်တာ အစရှိတဲ့ကြော်ငြာ format တွေရှိပါတယ်။ Philip Kotler ရဲ့ Marketing 4.0 မှာ 5A ပြောင်းသွားပြီလို့ပြောနေပေမယ့် Myanmar ပြည်မှာတော့ 1950s က Strong’s ရဲ့ AIDA က ပိုအလုပ်ဖြစ်တယ်လို့မြင်တယ်။ SME အနေနဲ့ Attention, Interest, Desire တွေထက်အရေးအကြီးဆုံးက နောက်ဆုံး Action ဖြစ်တဲ့ Sales Conversion ပါ။ ဒါ့ကြောင့် အများကြီးစဉ်းစားပြီး အဆင့်တွေဖြတ်နေတာထက် Sales conversion ရောက်ဖို့ Lead Generation လိုတယ်။ ကျွန်တော့အနေနဲ့တော့ cost per message Reply ကိုပိုသဘောကျတယ်။

၇. ကြော်ငြာတဲ့အခါ ကိုယ့်ရဲ့ Brand Logo နဲ့ Template နဲ့ ကိုယ့်ရဲ့ကြော်ငြာတွေ့လိုက်တာနဲ့ သိနေဖို့ Brand Identity ကိုသတိထားပါ။ Color Code မသိရင် Image Color Code လို့ google မှာရှာရင်ကို site တွေအများကြီးကျလာမယ်။

၈. Lead generation ကို အရောင်း Sales Conversion ပြောင်းဖို့ comment တွေ၊ message တွေအပြင်၊ ဖုန်းဖြေတာအရေးကြီးပါတယ်။ ဖြေတဲ့သူတွေကို အရောင်းသင်ထားပေးပါ။ message Reply လုပ်ပုံသင်ထားပေးပါ။

၉. Analytics – တိုင်းတာလို့မရတာကို စီမံခန့်ခွဲလို့မရဘူး။ What gets measured, get managed လို့ စီမံခန့်ခွဲမှုဂုရု Peter Drucker ကဆိုတယ်။ မှန်ပါတယ်။ Facebook မှာ Insight လေးကြည့်ပြီး Ads ကို splits testing လုပ်တာ၊ Budget, Ads Visual နဲ့ စားသား ကို adjust ပြန်လုပ်။ သို့ Ads placement ကိုပြန်စဉ်းစားပါ။

Phyo Paing @ Derek

Share Your Idea!​