Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Formula Man

ကိုယ့်ကို သိတဲ့သူတွေက
ကိုယ့်ကို Formula Man
လို့ခေါ်ကြတယ်။

တစ်ခုခုလုပ်ပြီဆိုရင် ဒါကို
အလွယ်ဆုံး၊ အမြန်ဆုံးနဲ့
အထိရောက်ဆုံး ဘယ်လို
replicate လုပ်လို့ရမလဲဆိုတဲ့
formula ရှာတာ ငယ်ကတည်းက
အကျင့်လိုဖြစ်နေပြီ။

စာမေးပွဲဖြေတိုင်း အမှတ်ကောင်းချင်တော့
မြန်မြန်မှတ်လို့ရတဲ့ မြန်နှုန်းမြင့်
လေ့လာနည်း formula ရှာတယ်။
စာမြန်မြန်ဖတ်ချင်တော့
ကိုယ်နဲ့ကိုက်တဲ့ speed-reading formula
ရှာတယ်။
ဒီ accelerated learning formula တွေက
career တစ်ခုက တစ်ခုပြောင်းတော့
အင်မတန်အသုံးဝင်တယ်။

စိတ်ခဏခဏ ညစ်လို့
လူတွေရဲ့ပယောဂကြောင့် စိတ်ညစ်တာ
ကင်းဝေးဖို့ formula လိုက်ရှာတယ်။
EFT, NAC, NLP, Quantum healing,
Energy healing တွေ, Hypnosis,
creative visualization စုံစိနေတာပဲ။
ပိုက်ဆံလဲ အတော်ကုန်။
နောက်ပိုင်း ကိုယ်နဲ့ ကိုက်တဲ့ formula
ရသွားတယ်။
ဘဝကို အထာကျကျ ဖြတ်သန်းလာနိုင်တယ်။
Motivation Formula ရှိလာတယ်။
တခြားသူတွေရဲ့ video ကြည့်ပြီး
motivation ယူရတာမျိုးမရှိတော့ဘူး။

အမြဲ မအားဖြစ်နေပြီး အလုပ်ကမပြီးဘူး။
ဒီတော့ productivity စနစ်တွေ လေ့လာတယ်။
ကိုယ့်အတွက် အလုပ်ဖြစ်တဲ့
Personal Productivity Framework
ထွက်လာတယ်။

အရင် ကိုယ်ကြိုက်တဲ့သူက
ကိုယ့်ကို ပြန်မကြိုက်။
relationship မှာက တိုင်ပတ်နေတာများတယ်။
ဒါက ကိုယ့်ရဲ့ productivity ပိုင်းကို
အတော်ထိခိုက်တယ်။
ဒါနဲ့ PUA, persuasion, psychology,
behavior, relationship အကြောင်း
အကုန်လိုက်မှတ် စမ်းသပ်။
Formula တစ်ခု ရလာတယ်။
အဲ့ပြဿနာ မရှိတော့ဘူး။

နောက်ပိုင်း marketing လုပ်တဲ့
formula ရှာတယ်။
ကုန်ပစ္စည်းတစ်ခု စျေးကွက်ဖောက်ဖို့
လိုအပ်တဲ့ formula 18 ခုသွားတွေ့တယ်။
GMP ဆိုပြီး ဖြစ်လာတယ်။

လုပ်ငန်းလုပ်တော့ တစ်လတစ်လ
ဥစ္စာစောင့်လိုပဲ ဖြစ်နေတယ်။
ဒီတော့ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းသေး
prototype လုပ်ကြည့်မယ်ဆိုပြီးစတယ်။
သုံးနှစ်လောက်အတွင်း အဆင်ပြေသွားတယ်။
ဒါပေမယ့် replicate လုပ်ရခက်တယ်။
နေရာပေါ်မူတည်ပြီး လုပ်နေရတယ်။
Scalable ချဲ့ထွင်လို့မလွယ်ဘူး။
ဒါနဲ့ startup ပွဲတွေသွားတယ်။
သူတို့လို mass market မသွားပဲ
လစဥ်ဝင်ငွေရှိတဲ့ digital product တွေ
ဖန်တီးမယ်ဆိုပြီး formula လိုက်ရှာတယ်။
Digital Product ထုတ်တဲ့ formula တွေ့တယ်။

တစ်ရက်တစ်ရက် အကြံပေးအလုပ်၊
Coaching အလုပ်တွေ လုပ်တယ်။
ဒါတွေက ကိုယ်မရှိလဲ လည်ပတ်လို့ရအောင်
problem-solving နဲ့ mental model framework တွေ
ထုတ်တယ်။
Framework 20% လောက်ပြီးတဲ့
product တွေ ထွက်လာတယ်။

ကိုယ်က စကားပြောကောင်းတဲ့ထဲ
မပါတော့ video ရိုက်ရင်
ဘာ video ရိုက်ရိုက် ပြန့်အောင်
formula ရှာရပြန်တယ်။
Social Media မှာ comment ပေးတဲ့
post က အပေါ်ပိုတက်တယ်။
Social sharing ရှိတဲ့ post က viral ဖြစ်တယ်။
ပထမ ၃ စက္ကန့်က အရေးကြီးတယ်။
ဒီအပေါ်အခြေခံပြီး Video shooting 5-steps
formula လုပ်တယ်။
Clients တွေကိုလဲပေးတယ်။
တော်တော်များများ 10X grow ကြတယ်။

Training ပေးဖို့၊ လူရှေ့သူရှေ့
စကားပြောဖို့၊ အမူအကျင့်တစ်ခု
တည်ဆောင်ဖို့၊ စျေးရောင်းဖို့၊
လုပ်ငန်းတစ်ခုစဖို့၊ အမြတ်ငွေတိုးဖို့၊
စွမ်းဆောင်ရည်မြင့်ဖို့ Formula တွေလိုတယ်။

ဘဝမှာ ပြဿနာရှိရင်
အဖြေရှာရမှာ သဘာဝပဲ။
လွန်ခဲ့တဲ့နှစ်က ပြဿနာကို
မဖြေရှင်းနိုင်သမျှ
နောက်တစ်ဆင့်တက်ဖို့မလွယ်ဘူး။

ကိုယ်ကြုံတွေ့တဲ့ ပြဿနာတိုင်းက
ကိုယ့်အတွက် opportunity ပဲ။
ကိုယ့်ကြုံတွေ့ခဲ့တဲ့ ပြဿာနကို
အဖြေရှာ၊ ဒါကို လူတွေ replicate
လုပ်လို့ရအောင် formula ထုတ်။
ဒီ စနစ်ကို scale or sell ပြန်လုပ်။
ဒီလို ပဲ စဥ်းစားတယ်။

ဒါကတော့ Formula Man
တစ်ယောက်စဥ်းစားပုံပေါ့။

Phyo Paing @ Derek

Share Your Idea!​