Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.


idea တွေသိမ်းမထားပါနဲ့။
Test လုပ်ပါ။ Share လုပ်ပါ။ Discuss လုပ်ပါ။

Oct 1 လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်လောက်က
ပုံပြန်တက်လာတယ်။

အိုင်ဒီယာတွေအပေါ် ရူးသွပ်တာကတော့
ငယ်ငယ်ကတည်းကရူးတာ။

ဆေးကျောင်းဒုတိယနှစ်က idea box ဆိုတာထားတယ်။
ရှိတဲ့ idea တိုင်းကို စာရေးပြီး အဲ့ဒီ box ထဲထည့်တယ်။

နောက်ပိုင်းတော့ Friendster တို့ renren တို့မှာရေးတယ်။
နောက်ပိုင်း diary grid မှာရေးတယ်။

နောက်ပိုင်း Facebook မှာရေးတယ်။
တွေးမိတဲ့အတိုင်းရေးတယ်။
ရေးရင်းနဲ့ ကိုယ့်လိုတွေးမိတဲ့သူတွေရှိတယ်။
အဲ့ကမှတဆင့် အိမ်လာလည်ကြ၊ မိတ်ဆွေဖြစ်ကြရင်း
တချို့ဆို အလုပ်တွေဖြစ်လာတယ်။

ဟိုးအရင်ကတည်းကသုံးနေကျ accont တစ်ခုကို
၂၀၁၄ March မှာ ကိုယ်ဖြစ်ချင်တဲ့
identity ပြောင်းမယ်ဆိုပြီး
ဒီ Facebook account စဖွင့်ဖြစ်တယ်။

ကိုယ်စဥ်းစားမိတာရေးတယ်။
နောက်ပိုင်း Facebook Page မှာ Blog ဆိုပြီးရေးတယ်။

စလုပ်တုန်းက ဒါကို content marketing ဆိုပြီး
သိလို့လုပ်ခဲ့တာ မဟုတ်ပဲ
လူသားတစ်ယောက်ရဲ့ journey ကို မှတ်တမ်းတင်ဖို့
လောက်လုပ်ထားတာ။
ဒီက Career တစ်ခု ဖြစ်လာခဲ့တယ်။

idea တွေသိမ်းမထားပါနဲ့။
Test လုပ်ပါ။ Share လုပ်ပါ။ Discuss လုပ်ပါ။
ဒီကမှတဆင့် အသုံးချကြည့်ပါ။

Phyo Paing @ Derek

Share Your Idea!​