Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

If you have no English, you will be no where.

ကိုယ်နားလည်တာကလဲ No English
နောက်စကားလုံးတစ်လုံးက No Where
ကိုးတန်း ဆိိုးသွမ်းလို့
အဆောင်ရောက်တဲ့အချိန်ကပေါ့။

ဆရာ English စာ တတ်အောင်
လေ့လာချင်ရင် ဘယ်လောက်ကြာနိုင်လဲ
မေးကြည့်တယ်။
ပုံမှန်ဆရာတွေဆို ငါ့တစ်သက်လုံး
လေ့လာလာတာ ခုထိ ငါတောင်
မတတ်သေးဘူးကြီး ဖြေကြတာ။
အဲ့ဆရာကျတော့ တကယ်လုပ်ရင်
တစ်လလဲ တတ်နိုင်တယ်လို့ ပြောတယ်။

အဲ့ဒါနဲ့ ကစ်ပြီလေ ဆိုပြီး
တခြားဘာသာရပ်တွေ အောင်ရုံလုပ်ပြီး
ကိုးတန်းစာအုပ်အစ The Pully ကနေ
အဘိဓာန်တစ်အုပ်နဲ့ ကောက်ဆွဲလိုက်တာ
တစ်လအတွင်း textbook အကုန်ရသွားရော။

ဒါနဲ့ ဘာဆက်လုပ်ရမလဲ ဆရာ့မေးတော့
ဆယ်တန်းစာလုပ်တဲ့။
ဒါနဲ့ တခြားဘာသာတွေမကြည့်ပဲ
ဆယ်တန်း The Calendar ကနေ
ဘုမသိဘမသိနဲ့ ကောက်ကျက်လိုက်တာ
ကဗျာတွေပါ ပြီးသွားရော။

ဆယ်တန်းသူငယ်ချင်းတွေက
ဒီကောင်ရူးနေလားမသိဘူးလို့
စဥ်းစားရင်လဲ စဥ်းစားမယ်။
ဒါပေမယ့် အဲ့ဒီ textbook ကို
လေ့လာဖတ်မှတ်ခဲ့တာ
ဘယ်စကားလုံးက ဘယ်နားမှာဆိုတာ
ခုထိမှတ်မိနေတုန်း။

ဆယ်တန်းပြီးတော့ ခပ်တည်တည်နဲ့
British Council က စာအုပ်တွေ
ဖတ်လို့ရလာတယ်။

နှစ်ပေါင်းများစွာ သင်လာပြီး
မတတ်တဲ့ ဘာသာရပ်တစ်ခုကို
တကယ်စိတ်နှစ်ပြီးလုပ်ရင်
နှစ်လ၊ သုံးလနဲ့
ရနိုင်တယ်ဆိုတာ နားလည်လာတယ်။

ဒါကြောင့် အလုပ်တစ်ခု
လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်
artificial deadline တစ်ခုထား။
မဖြစ်ဖြစ်အောင်
ပိုးစိုးပက်စက်လုပ်ဖို့လိုတယ်။
ဒူပေဒါပေ ခံဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​