Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

IPSTC SME RM TP ကို
အတိုကောက်မှတ်လို့ရအောင်

တစ်မျက်နှာ စီးပွားရေး plan
ဘယ်လို ရေးမလဲ။

IPSTC SME RM TP ကို
အတိုကောက်မှတ်လို့ရအောင်

IP STar Channel မှာ
SME အကြောင်း
Ray Mond က
TiP တွေပေးနေတယ်။

I – Identity ကိုယ်လုပ်တဲ့လုပ်ငန်းက ဘာလဲ?
စားသောက်ဆိုင်လား၊ သင်တန်းကျောင်းလား၊ အေဂျင်စီလား။

P – Problem worth solving
ဘာပြဿနာဖြေရှင်းမှာလဲ။
နေ့လည်စာကို လွယ်လွယ်ကူကူ စျေးသက်သက်သာသာ
မှာစားလို့မရတဲ့ ပြဿနာလား

S – Solutions
ဘယ်လိုနည်းနဲ့ ဖြေရှင်းမှာလဲ။

T – Target Market
ဘယ်သူတွေအတွက် ဖြေရှင်းပေးမှာလဲ။

C – Competition
ပြိုင်ဖက်တွေက ဘယ်သူတွေလဲ။

S – Sales Channel
သူတို့ကိုဘယ်လိုရောင်းချမှာလဲ။
ဆိုင်ဖွင့်ပြီးလား၊ အွန်လိုင်းကလား။

M – Marketing activities
လူတွေသိပြီး ဝယ်အောင်ဘယ်လိုလုပ်မှာလဲ။

E – Expenses
အသုံးစရိတ်တွေ ဘာတွေရှိနိုင်လဲ။

R – Revenues
ဝင်ငွေက ဘယ်ကရမှာလဲ။

M – Milestones
ကိုယ်တစ်ဆင့်ချင်းသွားမည့် မိုင်တိုင်
ရောက်ရမည့် ပန်းတိုင်တွေက ဘာတွေလဲ။

T – Team and Key roles
ကိုယ့်အဖွဲ့မှာ ဘယ်သူတွေ
ဘယ်လို ဝန်ထမ်းတွေပါမှာလဲ။

P – Partners and Resources
ဘယ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြမလဲ။
ဘာအရင်းအမြစ်တွေရှိသလဲ။
လူသား၊ ပိုက်ဆံ၊ နည်းပညာ အစရှိသည်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​