ဟိုးရှေးရှေးက လူငယ်တစ်ယောက်ရှိတယ်။
ငယ်ငယ်တည်းက အနှိုင်းယှဉ်ခံရတယ်။
ညီအစ်ကိုအချင်းချင်း၊ အမျိုးအချင်းချင်း။
နောက်ဆုံး အိမ်ဘေးက ဘုတ်ဆုံမနဲ့ နှိုင်းယှဉ်ခံရတယ်။
လူတိုင်းဟာ နှိုင်းယှဉ်ခံရတဲ့အခါ
လူတစ်ယောက်ရဲ့ မိမိကိုယ်ကိုယုံကြည်မှု
Self-confident အပေါ် အနည်းနဲ့အများ
သက်ရောက်မှုရှိတယ်။
နောက်ပိုင်း တစ်ယောက်တည်းရပ်တည်လာတာ
အိမ်နဲ့တဖြည်းဖြည်းဝေးလာတယ်။
သူ ပြောချင်တဲ့ စကားရှိတယ်
I am different.
လူတိုင်းဟာ မတူညီမှုတွေနဲ့ ဖွဲ့စည်းထားတယ်။
တချို့တွေ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။
တချို့တွေ အနုပညာတော်တယ်။
တချို့တွေ သိပ္ပံနဲ့ သချာင်္မှာတော်တယ်။
တချို့တွေ အဟောအပြောကောင်းတယ်။
ကျွန်တော်သမီးလေးရှိလာတဲ့အခါ
မတူညီမှုတွေကို နှိုင်းယှဉ်ပြီး
ငတုံးလို့ ဒါမှမဟုတ် အမြဲလိုအပ်နေတယ်ဆိုတဲ့
အထင်ဖြစ်အောင်
Label မတပ်ဖြစ်အောင်
ကြိုးစားပါမယ်။
Phyo Paing @ Derek