လူငယ်အများစုဟာ ချမ်းသာချင်တယ်ဆိုတာထက်
လိုချင်တဲ့ဘဝနေထိုင်မှုပုံစံကို
တည်ဆောက်လိုတာဖြစ်ပါတယ်။
အောင်မြင်နာမည်ကြီးပြီး မပျော်တာထက်စာရင်
ဝါသနာပါတဲ့အလုပ်လေးကိုလုပ်ပြီး၊
ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးမှာ ပုံမှန်လေးနဲ့
သွားချင်တဲ့နိုင်ငံကိုသွားလည်ချင်တာမျိုးဖြစ်ပါတယ်။
ဒီလို life-style လိုချင်လို့
ကိုယ်တိုင်စီးပွားရေးအများစု စကြပါတယ်။
ဒါကို life-style entrepreneur လို့ခေါ်ပါတယ်။
Sharing economy Gig economy နဲ့အတူ
အများအပြား ပေါ်ပေါက် လာမှာ
Life-style entrepreneur တွေပါ။
ဒီလို လိုချင်တဲ့ နေထိုင်မှုပုံစံတည်ဆောက်ဖို့
တစ်နေရာရာမှာတော့ ဆရာကျဖို့လိုပါတယ်။
ဒီနေ့ကစ ပညာရပ်တစ်ခုမှာ အချိန်ပေးပြီး
ဇောက်ချလေ့လာပါ။
Phyo Paing @ Derek