ပိုက်ဆံအများဆုံးရှာတာ မဟုတ်ဘူး။
ဘဝအကောင်းဆုံးနေတာ။
ဒါက Lifestyle Entrepreneur ရဲ့ ဂိမ်းပဲ။
သူဌေးနှစ်မျိုး
သူဌေးတစ်မျိုးရှိတယ်။
ပိုက်ဆံအများကြီးရှာတယ်။
ဒါပေမယ့် မနက် ၆ နာရီက ည ၁၂ နာရီထိ အလုပ်လုပ်တယ်။
မိသားစုနဲ့ အချိန်မရဘူး။
ကျန်းမာရေး ပျက်တယ်။
Stress တွေနဲ့ နေရတယ်။
ဝင်ငွေက များပေမယ့်
ဘဝက မပိုင်ဘူး။
နောက်သူဌေးတစ်မျိုးရှိတယ်။
ဝင်ငွေက ပထမတစ်ယောက်လောက် မများဘူး။
ဒါပေမယ့် မနက်ကိုယ်နိုးချင်တဲ့အချိန် နိုး။
လိုချင်တဲ့နေရာ သွားလို့ရတယ်။
မိသားစုနဲ့ အချိန်ရတယ်။
ကိုယ်လုပ်ချင်တဲ့အရာ လုပ်နိုင်တယ်။
ဝင်ငွေက နည်းနိုင်ပေမယ့်
ဘဝကို ပိုင်တယ်။
ဒုတိယတစ်ယောက်က Lifestyle Entrepreneur။
ကျွန်တော် ဘာကြောင့် ဒီလမ်းရွေးခဲ့လဲ
ငယ်ငယ်က ချမ်းသာတာကို အောင်မြင်တယ်လို့ထင်ခဲ့တယ်။
ပိုက်ဆံများများရှာ။
လုပ်ငန်းကြီးကြီးလုပ်။
နာမည်ကြီးကြီးရ။
ဒီလမ်းကြောင်းအတိုင်း သွားခဲ့တယ်။
လုပ်ငန်းတွေ တိုးချဲ့ခဲ့တယ်။
ဝင်ငွေတွေ တက်လာတယ်။
ဒါပေမယ့် တစ်ခုသတိထားမိတယ်။
ပိုက်ဆံ ပိုရလာတယ်။
အချိန် ပိုမရတော့ဘူး။
စိတ်ဖိစီး ပိုများလာတယ်။
ပျော်ရွှင်မှု ပိုနည်းလာတယ်။
တစ်ခုခု မှားနေပြီ။
အဲ့အချိန်မှာ မေးခွန်းတစ်ခု မေးမိတယ်။
“ငါ ဘာအတွက် ဒီလောက် ရုန်းကန်နေတာလဲ?”
အဖြေက ရှင်းတယ်။
ပျော်ရွှင်တဲ့ဘဝနေချင်လို့။
လွတ်လပ်တဲ့ဘဝနေချင်လို့။
အဓိပ္ပာယ်ရှိတဲ့ဘဝနေချင်လို့။
ဒါပေမယ့် ပိုက်ဆံရှာရင်း
ဒီသုံးခုကို ပျောက်ဆုံးနေတယ်။
ဒီကနေ Lifestyle Entrepreneur ဆိုတဲ့ concept ကို စတွေးမိတယ်။
Lifestyle Entrepreneur ဆိုတာ ဘာလဲ
ရိုးရိုးသားသား ပြောရရင်
ဘဝပုံစံကို အရင်ဆုံး ဒီဇိုင်းဆွဲပြီးမှ
အဲ့ဒီဘဝပုံစံနဲ့ ကိုက်ညီတဲ့ လုပ်ငန်းကို တည်ဆောက်တာ။
သာမန် entrepreneur တွေက ပြောင်းပြန်။
လုပ်ငန်းကို အရင်တည်ဆောက်တယ်။
ဘဝက လုပ်ငန်းနောက်လိုက်ရတယ်။
Lifestyle Entrepreneur က
ဘဝကို အရင်ဒီဇိုင်းဆွဲတယ်။
လုပ်ငန်းက ဘဝကို support လုပ်ဖို့ ဖြစ်တယ်။
Lifestyle Entrepreneur ရဲ့ မေးခွန်း ၄ ခု
၁။ ငါ တစ်ရက်ကို ဘယ်နှစ်နာရီ အလုပ်လုပ်ချင်လဲ
တချို့က ၄ နာရီ။
တချို့က ၆ နာရီ။
တချို့က ၈ နာရီ ဆိုလဲ ကိစ္စမရှိဘူး။
ဒါပေမယ့် ကိုယ်ရွေးတာ ဖြစ်ရမယ်။
ဘယ်သူမှ မခိုင်းဘူး။
၂။ ငါ ဘယ်နေရာမှာ နေချင်လဲ
Office မှာ နေ့တိုင်းထိုင်ရမလား။
ဘယ်နေရာကနေမဆို အလုပ်လုပ်လို့ရမလား။
ခရီးသွားရင်း အလုပ်လုပ်လို့ရမလား။
၃။ ငါ ဘယ်သူတွေနဲ့ အလုပ်လုပ်ချင်လဲ
ဝန်ထမ်း ၁၀၀ စီမံချင်လား။
သေးသေးလေး team နဲ့ လုပ်ချင်လား။
တစ်ယောက်တည်း လုပ်ချင်လား။
၄။ ငါ ဘယ်လောက် ဝင်ငွေလိုလဲ
ဒီမှာ key က “ဘယ်လောက် ရနိုင်လဲ” မဟုတ်ဘူး။
“ဘယ်လောက် ဆို လုံလောက်လဲ” ဆိုတာ။
ဘဝမှာ လိုအပ်တဲ့ ဝင်ငွေရှိတယ်။
အဲ့ဒီ ဝင်ငွေရပြီဆို
ပိုရှာဖို့ထက် ဘဝပိုကောင်းအောင်လုပ်တာက ပိုအရေးကြီးတယ်။
Lifestyle Business ရဲ့ လက္ခဏာ ၅ ခု
၁။ Location Independence
ဘယ်နေရာကနေမဆို လုပ်လို့ရတယ်။
Laptop တစ်လုံး၊ Internet တစ်ခုဆို လုံလောက်တယ်။
၂။ Low Overhead
ကုန်ကျစရိတ် နည်းတယ်။
Office ကြီးကြီး မလိုဘူး။
ဝန်ထမ်းများများ မလိုဘူး။
ပိုက်ဆံအများကြီး စိုက်ထုတ်စရာ မလိုဘူး။
၃။ Scalable Income
အချိန်နဲ့ ငွေ မချိတ်ဘူး။
နာရီနဲ့ အခကြေးယူတာ မဟုတ်ဘူး။
Product တစ်ခု၊ System တစ်ခု ဖန်တီးထားရင်
အိပ်နေလဲ ဝင်ငွေရနိုင်တယ်။
၄။ Aligned with Passion
ကိုယ်စိတ်ဝင်စားတဲ့အရာ၊
ကိုယ်ကျွမ်းကျင်တဲ့အရာနဲ့ ချိတ်ဆက်တယ်။
မနက်တိုင်း အလုပ်လုပ်ချင်စိတ်ရှိတယ်။
တနင်္ဂနွေနေ့တောင် လုပ်ချင်တယ်။
၅။ Automated Systems
ကိုယ်မပါပဲ လည်ပတ်နိုင်တဲ့ system ရှိတယ်။
ကိုယ် ခရီးသွားနေလဲ
ကိုယ် နေမကောင်းဖြစ်နေလဲ
လုပ်ငန်းက ဆက်လည်ပတ်နေတယ်။
ဘယ်လို Lifestyle Business တွေ ရှိလဲ
Online Course / Digital Product
တစ်ခါ ဖန်တီး။
ထပ်ခါထပ်ခါ ရောင်း။
Coaching / Consulting
ကိုယ်ကျွမ်းကျင်တဲ့ အရာကို
လူတွေကို သင်ပေး၊ အကြံပေး။
Content Creator
YouTube၊ Podcast၊ Newsletter။
Audience တည်ဆောက်။
Sponsorship၊ Affiliate၊ Product ရောင်း။
E-commerce
Dropshipping၊ Print-on-demand။
Inventory မကိုင်ဘဲ ရောင်းလို့ရတယ်။
Software / SaaS
တစ်ခါ တည်ဆောက်။
Monthly subscription ယူ။
Agency (Small Team)
Service ပေး။
ဒါပေမယ့် team သေးသေးနဲ့ system ကောင်းကောင်းနဲ့ လုပ်။
ကျွန်တော့် Lifestyle Business Model
ကျွန်တော်က hybrid model သုံးတယ်။
Passive Income — Online course တွေ၊ စာအုပ်တွေ
Semi-passive — Membership၊ Subscription
Active but Flexible — Consulting၊ Workshop
၃ ခုလုံး ပေါင်းမှ
ဝင်ငွေ stable ဖြစ်တယ်။
အချိန် flexible ဖြစ်တယ်။
Lifestyle Entrepreneur ရဲ့ အမှား
၁။ ပိုက်ဆံမလိုဘူးလို့ ထင်တာ
လွတ်လပ်မှုက အခမဲ့မဟုတ်ဘူး။
ဝင်ငွေ လုံလောက်အောင် ရှာရမယ်။
ဒါမှ လွတ်လပ်မှုကို ဝယ်နိုင်မယ်။
၂။ System မတည်ဆောက်ဘဲ လွတ်လပ်ချင်တာ
System မရှိရင်
ကိုယ်ကိုယ်တိုင် system ဖြစ်နေမယ်။
ကိုယ်မလုပ်ရင် ဘာမှ မလည်ပတ်ဘူး။
၃။ အစကတည်းက Perfect ဖြစ်ချင်တာ
အစမှာ အလုပ်များရမယ်။
System တည်ဆောက်ရမယ်။
ရင်းနှီးမြုပ်နှံရမယ်။
နောက်မှ အသီးအပွင့်ခူးရတာ။
ဘယ်လို စရမလဲ
Step 1 — Ideal Day ကို ရေးပါ
မနက် ဘယ်နှစ်နာရီ နိုးချင်လဲ။
ဘာတွေ လုပ်ချင်လဲ။
ဘယ်သူတွေနဲ့ အချိန်ကုန်ချင်လဲ။
ဘယ်နေရာမှာ နေချင်လဲ။
ဒါက ကိုယ့် North Star။
Step 2 — ဝင်ငွေ လိုအပ်ချက် တွက်ပါ
ဒီ lifestyle အတွက်
လစဉ် ဘယ်လောက် လိုမလဲ။
ရိုးရိုးသားသား တွက်။
Step 3 — Business Model ရွေး
ဘယ် model က
ကိုယ့် lifestyle နဲ့ အကိုက်ဆုံးလဲ။
ကိုယ့် skill နဲ့ အကိုက်ဆုံးလဲ။
Step 4 — System တည်ဆောက်
ကိုယ်မပါပဲ လည်ပတ်နိုင်အောင်
တဖြည်းဖြည်း system ထည့်သွား။
Step 5 — ပိုကောင်းအောင် ပြင်
ဘဝက static မဟုတ်ဘူး။
ပြောင်းလဲနေတယ်။
ကိုယ့် lifestyle လိုအပ်ချက်လဲ ပြောင်းလဲနိုင်တယ်။
Business model ကိုလဲ ပြင်ဆင်သွား။
Phyo Paing @ Derek