ငယ်ငယ်တည်းက အဘိုးလိုပဲ
အလောင်းအစားလုပ်ရတာကြိုက်တယ်။
ဘဝမှာ နောင်တလဲ အကြိမ်ကြိမ်ရဖူးတယ်။
နောက်ဆုံး ဥပဒေသတစ်ခုထုတ်လိုက်မှ
အဲ့ဒီနောင်တရတဲ့ ပြဿနာဖြေရှင်းသွားတယ်။
လောင်းကစားလုပ်တော့မယ်ဆိုတိုင်း
ဘယ်လောက်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့မသွားဘူး။
“ဘယ်လောက်ရှုံးရင် ပြန်မယ်” ဆိုတဲ့စိတ်နဲ့သွားတယ်။
ဒါကို limit your loss လို့ခေါ်တယ်။
တခါတလေ ဒီလောက်ရှုံးရင်ပြန်မယ်ပြောတိုင်း
ပါးစပ်ပုပ်ကြီးနဲ့လို့ ပြန်ပြောတတ်ကြတယ်။
အမှန်တော့
၁။ ကိုယ့်ကိုကိုယ်ထိန်းချုပ်မှု self-control ကိုကောင်းစေတယ်။
၂။ မဆော့ခင်ကတည်းက negative visualization
ငါရှုံးမယ်လို့ဆုံးဖြတ်ပြီးတဲ့အတွက် စိတ်ပြတ်တယ်။
၃။ ရှုံးမဲမဲတဲ့ loss aversion ကိုပျောက်စေတယ်။
လောင်းကစားစိတ်ပညာတွေလဲ
ငယ်ငယ်ကဖတ်ဖူးသလို
စလုံးက casino မှာဆို
ဒီ စွဲလမ်းမှုကို ကာကွယ်ဖို့
ကိုယ့်ကိုကိုယ် suicide မလုပ်ဖို့
ပညာပေးတွေ အများကြီး
flyer တွေကို တွေ့လိမ့်မယ်။
ဒီအယူအဆက လုပ်ငန်းလုပ်တဲ့အချိန်မှာလဲ
လွမ်းမိုးမှု အကြီးအကျယ်ရှိတယ်။
ကိုယ်မသိ၊ နားမလည်သေးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်းတစ်ခုတည်ဆောက်တဲ့အခါ
“ဘယ်လောက်ရှုံးရင် ရပ်မယ်” ဆိုတဲ့
စိတ်နဲ့ စမ်းသပ်မှုတွေလုပ်တယ်။
အဲ့ဒီစိတ်ထားထားတော့ နောင်တဆိုတာမရှိိတော့ဘူး။
လောင်းကစားဆိုတာ နိုင်ဖို့ထက်
ရင်ခုန်ဖို့ ဖျော်ဖြေရေးတစ်ခုလို့မြင်တဲ့အခါ
အနိုင်အရှုံးကို စိတ်ခံစားချက်တွေ
အများကြီးမရှိတော့ဘူး။
ဒီဂျစ်တယ်ကုန်ပစ္စည်းတစ်ခု တည်ဆောက်တဲ့အခါလဲ
ဒါရှာဖွေမှုအသစ်တွေအတွက် discovery စိတ်နဲ့
ရှုံးနိုင်တဲ့ငွေကြေးနဲ့ အချိန်တစ်ခုသတ်မှတ်ပြီး
လုပ်တဲ့အခါ သင်ယူမှုတွေအများကြီးရတယ်။
ကျောင်းမှာ ငွေကြေးအများကြီးအကုန်ကျခံပြီး
စီးပွားရေးပညာသင်ယူမည့်အစား
ငွေကြေးကို ပုံမှန်အကုန်ကျခံပြီး
ကျန်တဲ့ငွေနဲ့ လုပ်ငန်းလုပ်တာ၊
ကုန်ပစ္စည်းဖန်တီးတာလုပ်တာက
သင်ယူမှုအတွက် ပိုကောင်းတယ်လို့ယူဆထားတယ်။
Learning by doing လုပ်တာ
စွန့်ဦးတီထွင်တွေရဲ့ လက္ခဏာပဲလို့ထင်တယ်။
Phyo Paing @ Derek