ကန့်သတ်တွေးလို့ခေါ်တဲ့ limiting belief တွေဟာ လူတွေရဲ့ အစွမ်းအစကို ကျစေတယ်။ ဥပမာ လူတစ်ယောက်က ငါကတော့ နိုင်ငံခြားမှာ ကျောင်းမတတ်ဖူးလို့မအောင်မြင်နိုင်ဘူးတို့၊ ငါကတော့ နိုင်ငံခြားမှာ အလုပ်မလုပ်ဖူးတဲ့အတွက် မအောင်မြင်နိုင်ဘူးတို့၊ ငါကတော့ဘယ်နိုင်ငံမှာနေလို့ မအောင်မြင်နိုင်ဘူးတို့လို အတွေးတွေဟာ ကန့်သတ်တွေးတွေဖြစ်တယ်။ ဒီအတွေးတွေက လူတွေရဲ့ အနာဂတ်ကို ပိတ်စေတယ်။
Jews တွေကြားထဲနေတဲ့ Arab ဖြစ်တဲ့ Nas လဲ Nas Daily နဲ့ အောင်မြင်တာပဲ။ English စကားမတတ်တဲ့ Lei Jun လည်း Xiaomi နဲ့အောင်မြင်အောင်လုပ်နိုင်တာပဲ။ Malaysia Rapper Namewee တောင် တရုတ်ဘာသာနဲ့ သီချင်းဆိုပြီး အရှေ့တောင်အာရှမှာ အောင်မြင်နိုင်သေးတယ်။ နေရာတစ်ခုတည်းကြောင့် အစွမ်းအစ မထွက်ဘူးဆိုတာ Internet ခေတ်မှာ မမှန်ဘူးလို့မြင်တယ်။
ဥပမာ မြန်မာပြည်မှာ Internet လိုင်းတွေကောင်းလာပြီ။ စျေးနှုန်းကလည်း တော်တော်လေးနည်းတဲ့ ထဲပါတယ်။ website တွေဘာတွေပိတ်ထားတာမျိုးမရှိဘူး။ တချို့ Paypal လို service တွေသုံးလို့မရသေးပေမယ့် Thai က သူငယ်ချင်းတစ်ယောက်လုပ်ခိုင်းရင်လည်း ရနိုင်တာပဲ။
မြန်မာပြည်နေတဲ့ ကောင်းတဲ့အချက်က အချိန်ပိုရတယ်။ အစားအစာအဆင်ပြေမယ်။ Third World ဖြစ်တဲ့အတွက် ြဖေရှင်းစရာပြဿနာတွေများတဲ့အတွက် လုပ်ငန်းတွေ အများကြီးဖြစ်နိုင်တယ်။ လူတွေ အချိန်အားတဲ့အတွက် attention ကို လွယ်လွယ်ကူကူရနိုင်တယ်။
Phyo Paing @ Derek