Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Love & Relationship မှာ
ချိတ်ဆက်မှုသုံးခုလိုတယ်

၁။ Physical connection
ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်နိုင်စွမ်း
လှတယ်၊ မိုက်တယ်၊ သန်မာတယ်၊
ရုပ်ပိုင်းဆိုင်ရာလက်ခံနိုင်တယ်။
ပူးကပ်ကပ်နေတယ်။
ဒါက physical connection

၂။ Emotional connection
ကိုယ့်လိုအပ်ချက်ကိုသိတာ၊
ခံစားချက်ကို နားလည်တာ၊
တစ်ယောက်နဲ့တစ်ယောက်
ခံစားချက်တွေနားလည်ပြီး
ဖေးမပေးတတ်တာ။

၃။ Spiritual connection
ငါတို့နှစ်ယောက်ပေါင်းက
တစ်ယောက်တည်းထက်ပိုတယ်။
ဒါက universe ကပေးလိုက်တာတို့။
ကိုယ်မမြင်ဖူးတဲ့ ကမ္ဘာကိုပြပေးလိုက်တာ၊
အတွေ့အကြုံကို ပြပေးလိုက်တာ။
ဒါက spiritual connection.

ဒါတွေကိုပိတ်ဆို့နေတာက
cultural confusion
ယဥ်ကျေးမှုနဲ့ ကိုယ်နေထိုင်တဲ့နေရာက
သတ်မှတ်ချက်တွေကြောင့်
ရှုပ်ထွေးမှုတွေဖြစ်လာတယ်။
မင်းကတော့ လှည်းကြိုးထမ်းရတော့မယ်တို့၊
သူ့အိမ်က background ကချမ်းသာတယ်တို့၊
ဒီ survival level နဲ့ social level
ရှင်သန်မှုနဲ့ ပွဲတက်တဲ့အခါလူအထင်ကြီးမှုမှာ
လူအများစုက ပိတ်မိနေကြတယ်။
ဒီကတဆင့် spiritual level မရောက်တော့ဘူး။

လူနှစ်ယောက်ပေါင်းစည်းတဲ့အခါ
နှစ်ယောက်ပေါင်းပြီး ကမ္ဘာကြီးကိုမြင်တဲ့
world view က ပိုကောင်းသွားတာဖြစ်နိုင်တယ်။
ပိုဆိုးသွားတာလဲဖြစ်နိုင်တယ်။

ပိုကောင်းသွားဖို့ ဒီ cultural confusion ဖြစ်စေတဲ့
လူတွေကို ဦးနှောက်ဆေးတဲ့
အဆိပ်အသောက်ဖြစ်စေတဲ့
အပေါ်ယံဆန်တဲ့ social media က
တွေ့သမျှကို ယုံကြည်ခံစားနေလို့မရဘူး။

ဒါကတော့ သာကောရဲ့
အချစ်အတွက် ထုတ်ထားတဲ့ framework ပဲ။

လူတစ်ယောက်နဲ့ချစ်ကျွမ်းဝင်မယ်စဥ်းစားရင်
ခန္ဓာကိုယ်တစ်ခုတည်းကြည့်တာ physical connection
နှလုံးသားချင်းနီးတာ emotional connection
ကိုယ်မတွေးဖူး၊ မမြင်ဖူး၊ မခံစားဖူးတဲ့
ခံစားချက်တွေနဲ့ လောကအမြင်ပြောင်းစေတာ
spiritual connection
ဒီသုံးခုနဲ့ relationship တစ်ခုကို ဆန်းစစ်လို့ရတယ်။

နောက်ပြီး ဘဝရှင်သန်မှုမှာ
survival, social နဲ့ spiritual
ဒီ level သုံးခုမှာ အပေါ်ဆုံးရောက်ဖို့လိုတယ်။
ငါ့ယောကျာ်းဖောက်ပြန်တာ လူတွေသိသွားတော့
ရှက်စရာကောင်းလိုက်တာ။
ဒါကို ကလဲ့စားပြန်ချေရမယ်။
ဒါက social level မှာရှိတဲ့ ရှင်သန်မှုတစ်ခုပဲ။

ကိုယ့် relationship ရဲ့ကမ္ဘာကြီးကိုမြင်တဲ့
world view အရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​