Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

M သုံးလုံးဆောင်ဖို့လိုတယ်

ဘဝမှာ နေပျော်ဖို့ အချက်သုံးချက်လိုတယ်။

၁။ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့
အသက်မွေးဝမ်းကျောင်းပညာရပ် (Mastery)

၂။ သူစိမ်းကိုအသိ၊ အသိကိုဖောက်သည်၊
ဖောက်သည်ကို အမာခံပရိသတ်၊
အမာခံပရိသတ်ကို အတွင်းလူ
အပြောင်းအလဲလုပ်ပေးနိုင်တဲ့
မားကတ်တင်းပညာရပ် (Marketing)

၃။ လူတွေနဲ့ စနစ်တွေပေါင်းပြီး
ရည်မှန်းချက်ပန်းတိုင်ရောက်အောင်
စီမံခန့်ခွဲနိုင်စွမ်း (Management)

ဘဝအပြောင်းအလဲ လုပ်ချင်ရင်
ဒီ M သုံးလုံးကို ကျွမ်းကျင်အောင်လုပ်။

တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ပညာရှိရင်
လမ်းမပျောက်တော့ဘူး။
ဘယ်နေရာရောက်ရောက် ထမင်းမငတ်ဘူး။

မားကတ်တင်းပညာရပ်သိရင်
ငွေကို များများနဲ့ မြန်မြန်ရှာတတ်လာမယ်။

စီမံခန့်ခွဲမှု ပညာတတ်ရင်
ကိုယ်တစ်ယောက်တည်းလုပ်နေစရာမလိုတော့ပဲ
တခြားလူတွေရဲ့ အချိန်၊
တခြားသူတွေရဲ့ ကျွမ်းကျင်မှုနဲ့
ရေရှည်ငွေကို ငွေရှာပေးနေတဲ့လုပ်ငန်းတွေ
တည်ဆောက်နိုင်မယ်။

M သုံးလုံးဆောင်ဖို့လိုတယ်
အားတီ၊ အားမေတို့။

Phyo Paing @ Derek

Share Your Idea!​