Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Marketing နဲ့ Sales

Marketing ဆိုတာ ဘာလဲ။
Sales နဲ့ ဘာကွာသလဲ။

Marketing ရဲ့ တာဝန်က Sales ကို လွယ်ကူအောင်လုပ်ပေးတာဖြစ်တယ်။ Marketing ရဲ့ တာဝန်က ကိုယ့်ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ စိတ်ဆန္ဒကို နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ ဖြည့်ဆည်းပေးတာလို့ ဆိုခဲ့ကြတယ်။ လူတွေ လိုအပ်တာ၊ လိုချင်တာတွေက အမြဲအပြောင်းအလဲဖြစ်နေတဲ့အတွက် ဒီ definition က ပိုပိုပြီး ကျယ်ပြန့်လာတယ်။

မားကတ်တင်းဆိုတာ သတင်းအချက်အလက်ကို ပြန့်အောင်လုပ်တဲ့ game တစ်ခုဖြစ်တယ်။​ ဒီလို ပြန့်အောင် ကြော်ငြာတွေလုပ်ကြတယ်။ လူတွေဝယ်ချင်အောင် promotion တွေလုပ်ကြတယ်။​ မသိသေးတဲ့သူတွေဆီသွား မိတ်ဆက်ပြီးရောင်းချမှုမျိုးလုပ်ခဲ့ကြတယ်။ တစ်ဆင့်စကားတစ်ဆင့်နားပြန့်အောင် ကိုယ့်လုပ်ငန်းအကြောင်း ပြောပေးပါအုံးဆိုတဲ့ခေတ်ကနေ check-in ဝင်ရင် ဘာ promotion ပေးမယ်ဆိုတာမျိုး၊ ကိုယ့်ဝက်ဝက်ကွဲ ပုရိသတ်တွေပျော်အောင် ပွဲတွေ စီစဉ်ပေးတာမျိုးပါလုပ်ကြတယ်။ ဒီနေ့ခေတ်မှာ နည်းပညာတိုးတက်မှုနဲ့အတူ နည်းလမ်းတွေ အများကြီးပေါ်ပေါ်က်လာတယ်။ ​

ဘယ်လို ကုန်ပစ္စည်းမျိုးထုတ်ရမလဲ။ ဘယ်လို လူကိုရောင်းရမလဲ။ စျေးနှုန်းဘယ်လောက်သတ်မှတ်ရမလဲ။ ကိုယ်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုရောင်းချချင်တဲ့ ဖောက်သည်တွေဆီ သတင်းအချက်အလက်ရောက်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုပုံစံမျိုးဖောက်သည်ဆီ ကိုယ့် ကုန်ပစ္စည်းရောက်အောင် ဖြန့်ဖြူးပေးမလဲ။ ဘယ်လိုဝန်ထမ်းမျိုးတွေ ခန့်ထားမလဲ။ လုပ်ငန်းတစ်ခု ကောင်းကောင်းလည်ပတ်ဖို့ ဘယ်လို လုပ်ငန်းဆောင်တာ ဖြစ်စဉ်တွေလိုအပ်မလဲ။ လုပ်ငန်းအတွက် လိုအပ်တဲ့အသွင်အပြင်နဲ့ ရောင်းချနိုင်အောင် ဘာတွေလိုအပ်မလဲ။ အထက်ပါ မေးခွန်းတွေကို မားကတ်တင်းပညာရပ်က အဖြေပေးပါတယ်။​

ကိုယ့်လုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေကို ခွဲခြားသိပြင်နိုင်ဖို့ နာမည်ပေးရတယ်။ ဒါကို brand လို့ခေါ်တယ်။ ခွဲခြားမှတ်မိဖို့အတွက် ကိုယ့်လုပ်ငန်းရဲ့ ရပ်တည်ချက်ကို မှတ်မိအောင် နာမည်ပေးတယ်။ logo ဆွဲတယ်။​ Typeface သတ်မှတ်တယ်။ အသုံးပြုနေကျ အမှတ်တံဆိပ်ကာလာ သတ်မှတ်တယ်။ ဒါတွေကို brand identity လို့ခေါ်တယ်။ ကိုယ်ဖန်တီးထားတဲ့ ပုံရိပ်အတိုင်း ဖောက်သည်တွေ ရင်ထဲရောက်အောင် လုပ်ဆောင်တဲ့ ဖြစ်စဉ်ကို branding လို့ခေါ်တယ်။

#GMC

Share Your Idea!​