Marketing အကြံပေးတယ်ဆိုတာ
A အလုံး ၁၀၀ T အလုံး၂၀၀
P အလုံး ၃၀၀
အင်တာနက်ကရှာပြီး
အကြံပေးလို့ရရင် လူတိုင်း
အကြံပေးတွေ အတိုင်ပင်ခံတွေ
ဖြစ်ကုန်မှာပေါ့။
Blue Ocean လေးဖတ်ပြီး
အကြံပေးရင် ဒါအကြံပေးလို့မခေါ်ဘူး။
ပါတာဖတ်လို့ ခေါ်တယ်။
ပါတာပဲ ပြန်ဖတ်ပြဖို့။
Marketing အကြံပေးမယ်ဆို
လူတွေသိတဲ့ အမှတ်တံဆိပ်
ဘယ်နှစ်ခုလောက် တည်ဆောက်ဖူးလဲ။
ကိုယ့်ရဲ့ လုပ်ငန်းကိုကော လူသိပြီလား။
Marketing campaign ပေါင်း
ဘယ်နှစ်ခုလောက် လုပ်ဖူးပြီးပြီလဲ။
လုပ်ငန်းပေါင်း ဘယ်နှစ်ခု
အောင်မြင်အောင် ကူညီပေးဖူးလဲ။
ဒီထဲက ရလဒ်တွေ ကိုယ်ပိုင် framework တွေ
ဘယ်နှစ်ခုတည်ဆောက်ပြီးပြီလဲ။
ဒါတွေလိုမယ်လို့ စဉ်းစားမိတယ်။
မြန်မာပြည်မှာက အဟိတ်အဟန်နဲ့
သိပ်လုပ်စားလို့ကောင်းတာ။
ဘာရယ်ညာရယ် မဟုတ်
လူရှိန်တာပေါ့။
ဒါကြောင့်လဲ ပါတာဖတ်တဲ့ အတိုင်ပင်ခံတို့
အကြံပေးတို့ မဖြစ်အောင်
ကိုယ်တိုင် စမ်းသပ်မှုတွေ လုပ်ရမယ်ဆိုတဲ့
စိတ်နဲ့ နေ့စဥ် စမ်းသပ်မှုတွေလုပ်ဖို့
တွန်းအားတွေရနေတယ်။
ဘယ်သူ့မှ မရည်ရွယ်ပါဘူး။
ကိုယ့်ကိုကိုယ် သတိပေးတာ။
အဲ့လို မဖြစ်အောင်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay