Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Mental Model တစ်ခုတည်း နဲ့ ကြည့်နေရင်ပုံစံတစ်မျိုးတည်းပဲ မြင်မယ်။

တူညီတဲ့ ပြဿနာကို ကြည့်ပြီး
တစ်ယောက်က အဖြေ မြင်တယ်။
တစ်ယောက်က မမြင်ဘူး။
ကွာတာ ဉာဏ်ရည် မဟုတ်ပါဘူး။
Mental Model (စိတ်ပိုင်းဆိုင်ရာ ပုံစံ) ကွာတာပါ။

Mental Model ဆိုတာ
ကိုယ့်ဦးနှောက်ထဲမှာ တည်ဆောက်ထားတဲ့
ကမ္ဘာကို ကြည့်တဲ့ မှန်ဘီလူးပါ။

မှန်ဘီလူး ပြောင်းရင်
မြင်တာ ပြောင်းတယ်။
မြင်တာ ပြောင်းရင်
ဆုံးဖြတ်ချက် ပြောင်းတယ်။
ဆုံးဖြတ်ချက် ပြောင်းရင်
ရလဒ် ပြောင်းတယ်။

Charlie Munger ဆိုတဲ့
Warren Buffett ရဲ့ လုပ်ဖော်ကိုင်ဖက်က ပြောခဲ့ပါတယ်။
“Mental Model တစ်ခုတည်းနဲ့ ကြည့်ရင်
ဘာပဲ ကြည့်ကြည့် ပုံစံတစ်မျိုးတည်းပဲ မြင်မယ်။
ဒါ အန္တရာယ်ကြီးတယ်”

လက်ထဲမှာ တူ တစ်ချောင်းပဲ ရှိရင်
ဘာပဲ မြင်မြင် သံ ဖြစ်မြင်မယ်။

ဒါ လုပ်ငန်းခွင်မှာ နေ့တိုင်း ဖြစ်နေပါတယ်။

ရောင်းအား ကျတယ်။
Marketing သမားက “ကြော်ငြာ ပိုထည့်ရမယ်” မြင်တယ်။
Finance သမားက “ဈေး ပြင်ရမယ်” မြင်တယ်။
HR သမားက “ဝန်ထမ်း ပြဿနာ” မြင်တယ်။
Product သမားက “ထုတ်ကုန် ပြင်ရမယ်” မြင်တယ်။

တူညီတဲ့ ပြဿနာ။ ၄ ယောက် ၄ မျိုး မြင်တယ်။
ဘယ်သူ မှန်သလဲ။

တစ်ယောက်မှ မမှန်နိုင်ပါဘူး။
တစ်ယောက်မှ မမှားလည်း မမှားပါဘူး။
ဒါပေမယ့် Mental Model တစ်ခုတည်းနဲ့ ကြည့်နေတဲ့သူ
အမြဲ အဖြေ လွဲပါတယ်။

အသုံးဝင်ဆုံး Mental Model တစ်ချို့ ပြောပြပါမယ်။

First Principles Thinking — အခြေခံ အမြစ်ကနေ စဉ်းစားတာ။

“အရင်ကလည်း ဒီလို လုပ်ခဲ့တာ” ဆိုတဲ့
အတွေးကို ဖယ်ပစ်ပါ။
“ဒါ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ” အမြစ်ကနေ မေးပါ။

Elon Musk က ဒီ model သုံးပြီး
rocket ကို ၁၀ ပုံ ၁ ပုံ ဈေးနဲ့ ဆောက်နိုင်ခဲ့ပါတယ်။
“Rocket ဈေးကြီးတယ်” ဆိုတာ ယူဆချက်ပါ။
“Rocket မှာ ဘာတွေ ပါသလဲ” အမြစ်ကနေ ကြည့်တော့
material cost က လူထင်တာထက်
အများကြီး သက်သာပါတယ်။

Inversion — ပြောင်းပြန် စဉ်းစားတာ။

“ဘယ်လို အောင်မြင်မလဲ” မေးမယ့်အစား
“ဘယ်လို ကျရှုံးမလဲ” မေးပါ။
ပြီးရင် ဒါတွေကို ရှောင်ပါ။

“ဖောက်သည် ဘယ်လို ပိုရမလဲ” အစား
“ဖောက်သည် ဘာကြောင့် ထွက်သွားသလဲ” မေးပါ။
ထွက်သွားတဲ့ အကြောင်းရင်းကို ပိတ်လိုက်ရုံနဲ့
ဖောက်သည် အလိုလို ကျန်ပါတယ်။

Second-Order Thinking — ဒုတိယ အဆင့် စဉ်းစားတာ။

“ဒါ လုပ်ရင် ဘာဖြစ်မလဲ” ပထမ အဆင့်။
“ဒါ ဖြစ်ပြီးနောက် ဘာ ဆက်ဖြစ်မလဲ” ဒုတိယ အဆင့်။

ဈေးလျှော့ရင် ဖောက်သည် ပိုရမယ် — ဒါ ပထမ အဆင့်။
ဒါပေမယ့် ဈေးလျှော့ရင် margin ကျမယ်။
Margin ကျရင် ဝန်ဆောင်မှု အရည်အသွေး ကျမယ်။
အရည်အသွေး ကျရင် ဖောက်သည် ပြန်ထွက်မယ်
ဒါ ဒုတိယ အဆင့်။

ပထမ အဆင့်ပဲ ကြည့်တဲ့သူ ဆုံးဖြတ်ချက် မှားတတ်ပါတယ်။

Circle of Competence — ကိုယ် ဘာတတ်သလဲ သိတာ။

ကိုယ် တတ်တဲ့ နယ်ပယ်ကို သိပါ။
ကိုယ် မတတ်တဲ့ နယ်ပယ်ကိုလည်း သိပါ။

Warren Buffett က နည်းပညာ ကုမ္ပဏီတွေ မဝယ်ခဲ့ပါဘူး။
နှစ်ပေါင်းများစွာ လူတွေ ရယ်ခဲ့ကြပါတယ်။
ဒါပေမယ့် သူ ကိုယ့် circle ထဲမှာ နေလို့
ဘယ်တော့မှ ကြီးကြီးမားမား မရှုံးခဲ့ပါဘူး။

ကိုယ် မတတ်တာကို တတ်သလို လုပ်တာ
ကိုယ့်ကိုကိုယ် အန္တရာယ် ပေးနေတာပါ။

Mental Model များများ ရှိလေ
ပြဿနာကို ထောင့်များများကနေ ကြည့်နိုင်လေ
ဆုံးဖြတ်ချက် ပိုမှန်လေပါ။

ဒီနေ့ ကိုယ့်ကိုကိုယ် မေးကြည့်ပါ။
ကိုယ့်လက်ထဲ တူ တစ်ချောင်းပဲ ရှိနေသလား။
ဒါမှမဟုတ် ကိရိယာ အစုံ ရှိပြီလား။

Mental Model တစ်ခုတည်း နဲ့ ကြည့်နေရင်
ပုံစံတစ်မျိုးတည်းပဲ မြင်မယ်။
ဆုံးဖြတ်ချက် တစ်မျိုးတည်းပဲ ချမိမယ်။
ရလဒ် တစ်မျိုးတည်းပဲ ရမယ်။

Phyo Paing @ Derek

Share Your Idea!​