လူတိုင်းမှာ စဥ်းစားတဲ့ပုံစံရှိတယ်။ ဒါကို mental model လို့ခေါ်တယ်။ ဒီ စဥ်းစားတဲ့ပုံစံပေါ်မူတည်ပြီး လုပ်ဆောင်မှုတွေ လုပ်ကြတယ်။ ဒီလုပ်ရပ်တွေက တစ်ဆင့် ရလဒ်တွေရကြတယ်။
ကျွန်တော့်ရဲ့ mental model တချို့ရှိတယ်။ ဒါကတော့ ဘဝဖြတ်သန်းမှုဖြစ်စဥ်ပေါ်မူတည်ပြီး တည်ဆောက်ခဲ့တဲ့ စဥ်းစားမှုပုံစံဖြစ်တယ်။
၁။ Limit your loss
တရုတ်ဆိုတော့ လောင်းကစားလုပ်ရတာကြိုက်တယ်။ ဘောလုံးပွဲလောင်း၊ ဖဲရိုက်၊ Russian Roulette ဆော့ ဒီကနေ တဖြည်းဖြည်းနားလည်လာတာ မဆော့ခင် ဘယ်လောက်ရှုံးရင် ပြန်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်တစ်ခုရှိရမယ်။ မဟုတ်ရင် loss aversion လို့ခေါ်တဲ့ စိတ်ပညာအရ ရှုံးမဲမဲပြီး မွဲတတ်တယ်။ ဒါက လုပ်ငန်းလုပ်ဆောင်တဲ့အခါမှာ ကူညီပေးတယ်။ Casino ထဲ မဝင်ခင် အရှုံးခံမည့် amount ပဲယူသွားတယ်။ မဆော့ခင်ကတည်းက ဒါက ရှုံးနေပြီဆိုတဲ့ စဥ်းစားမှု ကြိုလုပ်ထားတယ်။ နိုင်ခဲ့ရင်တော့ ကောင်းတယ်။ ရှုံးခဲ့ရင်လဲ mental preparation ကြိုလုပ်ထားပြီးဖြစ်တဲ့အတွက် အေးဆေးပဲ။
၂။ Downside risk and Upside potential
ဆုံးဖြတ်ချက်မချခင် မေးတဲ့မေးခွန်းက ငါဘယ်လောက်ထိ ရှုံးနိုင်လဲ။ အဆိုးဆုံး scanerio ကို စဥ်းစားလိုက်တယ်။ အောင်မြင်ရင် ဘယ်လောက်ထိ အလားအလာရှိသလဲ ကြည့်တယ်။ Extremely bad, Bad, Average, Good, Excellent, Extra-ordinary ဆိုပြီး Scanerio ခြောက်ခုနဲ့ ကိုယ်ရင်းရမှာနဲ့ တွက်ကြည့်တယ်။ ပြီးမှ ဆုံးဖြတ်ချက်ချတယ်။
၃။ Life is an experiment
တစ်ခုခု လုပ်တော့မယ်ဆိုတိုင်း လူတွေ အသိအမှတ်ပြုဖို့၊ လေးစားဖို့၊ ပိုက်ဆံရဖို့ထက် main motivation ကို “စမ်းသပ်မှုပြုလုပ်မယ်” ဆိုတဲ့ စိတ်ထားပြီး အလုပ်လုပ်တယ်။ စာမေးပွဲကို ၇ ရက်နဲ့ လေ့လာပြီး အောင်အောင်လုပ်လို့ရမလား။ လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလို့ရမလား။ အိပ်နေရင်တောင် ငွေဝင်တဲ့လုပ်ငန်းမျိုး မြန်မာပြည်မှာ ဖန်တီးလို့ရနိုင်လား။ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်လို့ရနိုင်လား။ ဒါမျိုးမေးခွန်းတွေ ရေးထားပြီး စမ်းသပ်မှုတွေ ပြုလုပ်ကြည့်တယ်။ တချို့က အောင်မြင်တယ်။ တချို့က အောင်မြင်ဖို့ နည်းနာလိုခဲ့တာမျိုးတွေ ရှိခဲ့ဖူးတယ်။ ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။
၄။ Focus on 5 stars
စာမေးပွဲအောင်ဖို့ စာအကုန်ကျက်စရာမလိုဘူး။ Five Stars တွေ ကျက်ရင်ရပြီ။ ဘဝမှာလဲအလားတူပဲ။ စာမေးပွဲအောင် အမှတ်ကောင်းဖို့အတွက် အကုန်လုံးကို လုပ်စရာမလိုဘူး။ အဓိကနဲ့ သာမညကို သိရမယ်။ အရေးကြီးတာကို လုပ်ရမယ်။ ဒါကြောင့်ဘဝမှာ ဘာအရေးကြီးလဲ၊ ဘာအရေးမကြီးဘူးလဲ အမြဲမေးကြည့်တယ်။ ဘဝရဲ့ 5 stars ကိုပဲ အာရုံစိုက်တယ်။ သေးသေးလေးတွေအတွက် ချွေးထွက်စိတ်ညစ်ခံစရာမလိုဘူး။
၅။ Look, Learn, Link
လူပေါင်း သန်း ၇၀၀၀ ကျော်မှာ ကိုယ်လိုချင်၊ လုပ်ချင်တဲ့အရာမျိုးကို စဥ်းစား၊ လုပ်ဆောင်ခဲ့ဖူးသူတွေ ရှိနေနိုင်တယ်။ ဒါကြောင့် အသစ်ကနေ စဖန်တီးဖို့ထက် Look ကိုယ်လိုချင်တာမျိုး၊ လုပ်ချင်တာမျိုးကို ဘယ်သူတွေကို ပိုင်ဆိုင်ထားပြီးသူတွေ ဘယ်သူတွေရှိသလဲ၊ သူတို့ရဲ့ မဟာဗျူဟာတွေကို လေ့လာ Learn နောက် ကိုယ်သွားမည့်မဟာဗျူဟာနဲ့ ချိပ်ဆက် Link လုပ်။ You don’t have to reinvent the wheel ပါ။
၆။ What’s good about this?
အသက်တစ်ရာမနေရလဲ အမှု ၁၀၀ မက ကြုံမှာပဲ။ အသဲကွဲတာ ရှုံးတာ၊ နာမည်ဖျက်ခံရတာ၊ အိမ်ထောင်ကွဲတာ၊ ချစ်တဲ့သူတွေ သေသွားတာ၊ စီးပွားရေးရှုံးနိမ့်တာ၊ အဖမ်းခံရတာ အမျိုးစုံဖြစ်နိုင်တယ်။ ဒါတွေကို “တွေး” ကြောက်ပြီး စိတ်ညစ်နေလို့မရဘူး။ မဖြစ်ခင် “စိတ်”ပိုင်းဆိုင်ရာ၊ “မဟာဗျူဟာ”ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင် ဖြစ်လာခဲ့ရင်် အမြဲပြန်မေးကြည့် “အဲ့လိုဖြစ်သွားတဲ့အတွက် ဘာများပိုကောင်းလာနိုင်သလဲ?”? ဒါကတော့ အခြေအနေကို နောက်ရှုထောင့်တစ်ခုကနေ မြင်စေနိုင်တဲ့ reframing မေးခွန်းတစ်ခုပါ။
၇။ Controllable Vs Uncontrollable
လောကကြီးမှာ တချို့အရာတွေကို ထိန်းချုပ်လို့မရဘူး။ ကိုယ့်အဖေ၊ အမေ၊ အရပ်အမောင်း၊ အသားအရောင်၊ လူမျိုး အစရှိသည်။ တချို့အရာတွေက ကိုယ် control လုပ်လို့ရတယ်။ ဘာတွေးမလဲ။ ဘယ်လိုတွေးမလဲ။ ဘယ်လို တုန့်ပြန်မလဲ။ ထိန်းချုပ်မရတာကို တွေးကြောက်ပြီး ပူလောင်နေတာ အဓိပ္ပာယ်မရှိလှဘူး။ အခြေအနေတစ်ခုကြုံတိုင်း ပြန်မေးကြည့်။ ကိုယ့်ဘဝရဲ့သမိုင်းမေးတာဝန်က ဘာလဲ။ ဒီအခြအနေမှာ ဘယ်အရာကို ထိန်းချုပ်နိုင်လဲ။ ဘယ်အရာကို မထိန်းချုပ်နိုင်ဘူးလဲ။ ထိန်းချုပ်နိုင်တာကို အာရုံစိုက်။
၈။ You are your best creation
လူတွေက ကိုယ့်သမီးရည်းစား လင်မယားနဲ့ပတ်သက်လို့ ဂုဏ်ယူရတယ်။ ဒါမှမဟုတ် ကိုယ်အလုပ်လုပ်နေတဲ့ ကုမ္ပဏီ။ ကိုယ်ဖြစ်နေတဲ့ နိုင်ငံသား။ ဒါတွေကို ဂုဏ်ယူကြတယ်။ အဲ့ဒါကောင်းတယ်။ ဒါထက်ပိုအရေးကြီးတာက “ကိုယ်ဟာ ကိုယ့်ဖန်တီးမှုတွေထဲက အကောင်းဆုံးဖန်တီးမှုဖြစ်ရမယ်”။ ဒါကြောင့်နေ့စဥ် ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အရာတွေ လုပ်တာ။ အကောင်းဆုံးကိုယ်ဖြစ်လာဖို့ အလုပ်ကို ပိုစိုးပက်စက်လုပ်တာ။ ဒူပေဒါပေခံတာ။ ဘူကောင်တွေကို ရှောင်တာ။ ဒါတွေက “အကောင်းဆုံးသင်” Best Self ဖန်တီးရေးဖြစ်စဥ်တွေပဲ။
၉။ Every day is a new day
မနက်ထတိုင်း ဒီနေ့က နေ့သစ်ပဲ။ မနေ့က အရက်မူးလို့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်ခဲ့မယ်။ ဒါမှမဟုတ် exchange rate ကြီးကြီးနဲ့မိ စောစောကမလဲခဲ့လိုက်မိလေခြင်း ဒီလိုခံစာရကောင်းရမယ်။ $ပြဿနာတွေနဲ့ ညအိပ်ယာဝင်ခဲ့ရတာမျိုးဖြစ်ရင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မနက်မိုးလင်းလာရင် ဒါက နောက်တစ်နေ့ပဲ။ ညအိပ်စက်အနားယူတာက ကိုယ့်ကိုကိုယ် reset လုပ်တာပဲ။ Every day is a brand new day ပဲ။
၁၀။ Don’t follow the crowd
အများလိုဖြစ်ချင်ရင် အများလိုလုပ်။ အများလိုဖြစ်ချင်ရင် အများလုပ်တာတွေကို ပြန်ဆန်းစစ်၊ သုံးသပ်။ မကောင်းတာတွေကို မျက်စိမှိတ်ပြီး လိုက်မလုပ်နဲ့။ Marketing မှာတော့ ကြော်ငြာချင်ရင် အသုံးပြုတဲ့သူတွေက ဘယ်လိုပြောတာဆိုပြီး ဓာတ်ပုံတွေတင်ပြီး Everybody else is doing it ဆိုပြီး Psycho ထည့်တာပေါ့။ ဟိုးငယ်ငယ် ဆိုင်စဖွင့်တုန်းကဆို ဆိုင်မှာ လူအမြဲအများရှိရှိနေတယ်ဆိုတဲ့ Social proof ရှိအောင် သူငယ်ချင်းတွေခေါ်ပြီး ကိုယ့်ဆိုင်မှာ အားရင်ထိုင်ခိုင်းထားတယ်။ စားသောက်ဆိုင်တောင် လူ ၂၀ ထိုင်နေတာနဲ့ ၃ ယောက်ထိုင်နေတာဆို ၂၀ ထိုင်တဲ့ဆိုင်ပဲ သွားကြတာလေ။ ဒါကြောင့် လူအများလုပ်တဲ့အလုပ်၊ သွားတဲ့နောက်လိုက်မိတတ်တယ်။ အဲ့ဒီနောက်ကို မျက်စိမှိတ်ပြီး မလိုက်နဲ့။ သေချာစဥ်းစားဖို့လိုတယ်။
၁၁။ Break the rules if necessary
Brules တွေရှိတယ်။ Bullshit rules တွေ။ စာကို စဥ်းစားပြီးတွေးပြီးဖတ်မှ ခေါင်းထဲဝင်တာ။ အဲ့ဒါက information ကို process လုပ်ပြီး ခေါင်းထဲ မြန်မြန်မထည့်နိုင်သေးတဲ့ လူတစ်ယောက်အတွက်မှန်တယ်။ လူတိုင်းအတွက် မမှန်ဘူး။ 5×6 ဘယ်လောက်လဲဆို 30 ဆိုတာ တန်းထွက်လာတာပဲလေ။ ဒါပေမယ့် ငယ်ငယ် အလီကျက်တုန်းကကျတော့ 5×1, 5×2, 5×3, 5×4 ဒီလိုသွားခဲ့ရတယ်။ အလီတွေ ကျော်မလုပ်နဲ့ မှားမယ်။ ဒါက ငယ်တုန်းကမှန်တယ်။ ကြီးလာတော့ မမှန်တော့ဘူး။
ဘာနဲ့တူလဲဆို စက်ကပ်မှာ ဆင်ငယ်လေးကို ခြေထောက်ကြိုးချည်ပြီး ကြိုးကို ချွန်းမှာတပ်မြေကြီးမှာ စိုက်ထားလိုက်တယ်။ ဆင်ငယ်လေးက ရုန်းတယ်။ ရုန်းတယ်။ ရုန်းမရတာနဲ့ ငြိမ်နေလိုက်တော့တယ်။ ဆင်ကြီးဖြစ်တော့လဲ မရုန်းကြည့်တော့ဘူး။ ကျွန်တော်တို့ဘဝမှာ rules တွေက အဲ့ဆင်လိုဖြစ်စေတယ်။ ထသွားမှ ကျိုးမှန်းသိမယ်နော်။ ဒါမျိုး rules တွေပေါ့။
၁၂။ You are you
ကိုယ်ကကိုယ်ပဲ။ ငယ်ငယ် အမေက သူများနဲ့ အမြဲနှိုင်းယှဥ်တယ်။ မှတ်မှတ်ရရ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ အမြဲနှိုင်းယှဥ်တော့ ကိုယ်ကလဲ စိတ်အမြဲညစ်နေရတယ်။ ဒါနဲ့ သူ့အမေနဲ့ ကိုယ့်အမေရဲ့ လုပ်ရပ်ကို ပြန်နှိုင်းယှဥ်ပြတော့ ရိုက်ခံရတယ်။ မိဘကို အဲ့လို မဝေဖန်ရဘူးတဲ့။ ဒါကိုတော့ အမေနဲ့တွေ့တိုင်း ဟာသအနေနဲ့ ပြန်ပြောဖြစ်တယ်။ ဘဝမှာ ဒီတစ်ယောက်က ဒီအချိန်မှာ စင်ပေါ်ရောက်နေတိုင်း စင်ပေါ်မှာ အမြဲရှိချင်မှရှိမယ်။ သူများရဲ့ ပြီးသွားတဲ့ ပန်းချီကားနဲ့ ကိုယ်အခုမှစတင်တဲ့ ပန်းချီကားကို နှိုင်းယှဥ်ပြီး စိတ်သွားမညစ်လိုက်နဲ့။ ကိုယ်က ကိုယ်ပဲ။ ကိုယ့်အထာနဲ့ကိုယ်ပဲ။ ဘာမှ စိတ်ညစ်စရာမလိုဘူး။
ဒါကတော့ ကျွန်တော့်ရဲ့ mental model တချို့ပဲ။ တချို့လူတွေနဲ့ လူ တူချင်တူလိမ့်မယ်။ တူချင်မှလဲ တူလိမ့်မယ်။ ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်ရင် ကိုယ့်ကိုကိုယ် သိဖို့အရေးကြီးတယ်။ ဒါကို self-awareness လို့ခေါ်တယ်။ ဒါရှိမှ စစ်မှန်တဲ့ authentic human being ဖြစ်မယ်။ ဒီလိုဖြစ်ဖို့ ကိုယ့်ရဲ့ mental model ကိုယ်သိဖို့လိုတယ်လို့ ယူဆတယ်။
Phyo Paing @ Derek