Mental model တစ်ခုအနေနဲ့ပြရရင်
မြန်မာပြည်မှာ လူဖြစ်တာကိုက
ကံအရမ်းကောင်းနေတာဖြစ်နိုင်တယ်။
အလုပ်ကို ရေရေလည်လည်ကြိုးစားရင်
လမ်းကြောင်းတွေ အများကြီးရှိသလို
ကိုယ်အောင်မြင်ရင် ကိုယ့်ကို copy ကူးမှာ
သိပ်ကြောက်စရာမလိုဘူး။
Copy ကူးဖို့ထက် အပြစ်ပြောတဲ့သူက
ပိုများနိုင်တဲ့အတွက် ဒါက
မဟာအခွင့်အရေးတစ်ခုဖြစ်နိုင်တယ်။
တရုတ်မှာလို သန်း ၁၃၀၀ ကြား
ပြိုင်ရတာမဟုတ်ဘူး။
လူဦးရေ သန်း ၅၀ မှာ ကိုယ်က
ခုလိုအချိန် Facebook သုံးပြီး
ရှင်သန်နေနိုင်သေးရင်
Social hierarchy ရဲ့ အပေါ်နားက
ဖြစ်နိုင်တယ်။
ကံကောင်းတာတစ်ခုက လူဦးရေ
သန်း ၅၀ ပြောတဲ့ ဘာသာစကားနဲ့
ယဉ်ကျေးမှုထဲမှာ ကြီးလာတော့
ဒါဟာ တန်ဖိုးဖြတ်မရတဲ့ safety net ပဲ။
အရာရာနောက်ကျတဲ့ တတိယနိုင်ငံ
ဖြစ်နေတဲ့အတွက် ပြဿနာပေါင်း
ဗလပွနဲ့ solution အသစ်
ထွင်စရာမလိုသလို ထိုင်းနဲ့
အနီးနားက model ကူးချရင်ကို
တော်တော်ခရီးရောက်နေပြီ။
English နဲ့ တရုတ်စာက သင်လို့ရတယ်။
လူတွေ Billion နဲ့ချီသင်နေတတ်နေတာ။
မြန်မာ့ culture နဲ့ တွေးပုံ၊ ဘာသာစကားက
သင်လို့မလွယ်ဘူး။
တရုတ်ပြည်မမှာက လည်လှီးတဲ့
cut throat competition များတယ်။
စီးပွါးရေးမှာ၊ နိုင်ငံရေးမှာ၊ အလုပ်ခွင်မှာ။
ဒီမှာ အဲ့လောက် ပြိုင်ဆိုင်မှုမပြင်းထန်ဘူး။
အေးဆေးတယ်။
ဝေဖန်တယ်။ ပျော်ပျော်နေတယ်။
ဒါကတော့ မြန်မာပြည်ဖွား တရုတ်တတိယမျိုးဆက်
mental model တစ်ခုနဲ့
အခြေအနေကို သုံးသပ်ကြည့်တာ။
အရေးကြီးတာ လောကကိုမြင်တဲ့
Perspective နဲ့ mental model အရေးကြီးတယ်။
မတရားမှုဆိုတာ ကျွန်တော်တို့မမွေးခင်
ကတည်းကရှိနေခဲ့တာပဲ။
ဒါက part of the culture လို့ပြောလဲ
မှားမယ်မထင်ဘူး။
Life is not fair – get used to it လို့
ပြောကြတာပဲ မဟုတ်လား။
နေရာတိုင်းမှာ ပြဿနာဆိုတာရှိနေမှာပဲ။
အရေးကြီးတာ mental model ပြောင်း
ရာဂဏန်းလောက်နဲ့ လောကကြီးကို
မြင်ကြည့်နိုင်ဖို့လိုတယ်။
ဝါရင်ဘူဖေးရဲ့ ညာလက်ရုံး
ဘီလီယံနာ charlie munger လို
ကိစ္စရပ်တစ်ခုကို mental model ပေါင်း
ရာဂဏန်းနဲ့ ကြည့်ပြီးမှ ဆုံးဖြတ်တယ်တဲ့။
ဒီလို opinionated ဖြစ်တဲ့ အယူအဆမျိုး
ရေးဖို့ တော်တော်စဉ်းစားရတယ်။