Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Mission
Business Plan အတွက်လိုအပ်တဲ့ ဒုတိယအဆင့်။

စီးပွားရေးအများစုဟာ ကိုယ့်အတွက်ကိုယ်ကို အရင်ကြည့်ကြပါတယ်။ ဒါပေမယ့်လူအများစုဟာ တစ်ကိုယ်ကောင်းဆန်တဲ. စီးပွားရေးလုပ်ငန်းတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေနဲ့ မဆက်ဆံချင်ကြပါဘူး။ စီးပွားရေးလုပ်ငန်းရဲ. အဓိက ရည်ရွယ်ချက်က အမြတ်ဆိုတာမှန်ပေမယ့်ဖောက်သည်တွေကို အရင်မစဉ်းစားပေးရင် ရေရှည်အောင်မြင်ဖို.မလွယ်ပါဘူး။

Mission ဆိုတာကတော့ သမိုင်းပေးတာဝန်ပါ။ Mission ကတော့ ကိုယ့်အတွက်မဟုတ်ဘူး။ သူတပါးအတွက်ပါ။ ဥပမာ ကျွန်တော်တည်ထောင်ထားတဲ့ Y.E.C Learning Center ရဲ. Mission က Transforming Lives Everyday ပါ။ နောက်ဥပမာ တစ်ခုပေးရရင် Google ရဲ. Mission က ကမ္ဘာပေါ်မှာ ရှိတဲ. သတင်းအချက်အလက်တွေစုစည်းပြီး လူတွေကို အခမဲ.ပေးချင်တာပါ။ နောက်ဥပမာ တစ်ခုပေးရရင် Alibaba ကို တည်ထောင်တဲ့ Jack Ma ရဲ. Mission ကတော့ စီးပွားရေး လုပ်ငန်းငယ်လေးတွေကို ကူညီပေးချင်တာပါ။

စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရတာ မလွယ်ပါဘူး။ တခါတလေ မြတ်မယ်။ တခါတလေ ရှုံးမယ်။ ဒီလောကဓာတ်တွေကို ခံရတဲ့အခါ ငါ့ဖို့ဘဲ ကြည့်တာထက် ကိုယ်ဘာကြောင့်စီးပွားရေး လုပ်နေတယ်ဆိုတဲ့ Mission လေးကို သိထားရင် အောင်မြင်ဖို. ပိုကျိန်သေပါတယ်။

Mission တစ်ခုကို ဘာတွေထည့်ရေးရမလည်း?
1. Mission ဆိုတာ Why ပါ။ ကိုယ်ဘာကြောင့်စီးပွားရေးလုပ်လည်းဆိုတဲ့ ရည်ရွယ်ချက်။
2. ကိုယ့်ဖို့မဟုတ်။ ကိုယ့် customer သို့ ပတ်ဝန်းကျင်အတွက်ပါ။
3. Company ရဲ. ရည်မှန်းချက်ပန်းတိုင်နဲ. မဟာဗျူဟာများဟာ Mission ကလာပါတယ်။

Vision Vs Mission

-Vision က ကိုယ်သွားချင်တဲ့ လမ်းကြောင်းပါ။ ဥပမာ Y.E.C Learning Center သည် မြန်မာနိုင်ငံမှာ သင်ယူမှု နဲ့ ပတ်သက်လာရင် တီထွင်ဆန်းသစ်မှု အရှိဆုံး သင်တန်း‌ကျောင်း တစ်ခုဖြစ်ရမည်။
– Mission က သူများအတွက်ပါ။ Transforming LIves Everyday. လူသားတွေရဲ.ဘဝကို တီထွင်ဆန်းသစ်တဲ့ သင်ကြားမှုတွေနဲ့ နေ.စဉ်ပြောင်းလည်းပေးသွားမှာဖြစ်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​