Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Monkey Brain, Robot Brain and Sage Brain ဒီဦးနှောက်သုံးခုကို သေချာအသုံးချဖို့လိုတယ်။

ဖုန်း ၁၄ ရက်လောက်မသုံးရတော့
စိတ်များတဲ့ monkey brain အလုပ်လုပ်တာ
instant gratification လုပ်တာနည်းသွားတယ်။

လူတွေရဲ့ ဦးနှောက်မှာ
အသစ်အသစ်တွေကို စူးစမ်းခြင်စိတ်
မတည်ငြိမ်၊ ရင်ခုန်မှုကိုဖြစ်ချင်တဲ့ monkey brain
ဆိုတာရှိတယ်။

နောက် နေ့စဥ်နိစ္စဓူဝ လုပ်နေတဲ့အခါ
အသုံးပြုတဲ့ robot brain ဆိုတာရှိတယ်။
သွားနေကျ၊ လုပ်နေကျနဲ့သက်ဆိုင်တဲ့ ဦးနှောက်။

နောက်ဆုံးတစ်ခုကတော့ sage brain ဖြစ်ပါတယ်။
ပညာရှိဦးနှောက်ဆိုပါတော့။
logic တို့၊ deep thinking လုပ်တဲ့အခါ
အသုံးပြုတဲ့ ဦးနှောက်။
ဒါကြောင့် စာရေးနေတဲ့အခါ၊
စာဖတ်ပြီးစူးစိတ်စဥ်းစားနေတဲ့အခါ
ဒီဦးနှောက် ကအလုပ်လုပ်တယ်။

ဒါကြောင့် Tim Ferriss က
Social media အသုံးပြုရင်တောင် ဖုန်းနဲ့မသုံးဘူး။
လူတွေကို စွဲလမ်းအောင် monkey brain ရောက်အောင်
billion နဲ့ချီအသုံးပြုထားလို့။

မနက်ထထချင်းကို robot brain အလုပ်လုပ်အောင်
routine တွေ၊ ritual တွေနဲ့ design လုပ်လိုက်တယ်။
ဒုတိယ sage brain ကို နေရာပေးလိုက်တယ်။
နောက် monkey brain ကို အလုပ်လုပ်ခိုင်းလိုက်တယ်။
monkey brain ကရတဲ့ idea ကို ရေးမှတ်ပြီး
sage brain ကို ပြန်ခိုင်းကြည့်တယ်။

Phyo Paing @ Derek

Share Your Idea!​