Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Motivation နှစ်မျိုး သို့ အခြေခံလိုအပ်ချက်နှစ်မျိုး။ ✌️

1. Money

လကုန်လစာထုတ်တဲ့အခါ motivation အထူးတလည်ပေးနေဖို့မလိုဘူး။ အကြွေးရှိတဲ့အခါ motivation လုပ်ယူရအင်မတန်ခက်တယ်။ အိပ်ဖောင်းခြင်းဟာ စိတ်ပြောင်းခြင်းကိုဖြစ်စေတယ်ဆိုတာ လူတွေမငြင်းနိုင်ဘူး။ ဒါဟာ လူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တယ်။

2. Meaning

အခြေခံလိုအပ်ချက်တွေပြည့်စုံလာတဲ့အခါ လောကအကျိုးသယ်ပိုးချင်လာပြီ။ ဘဝအတွက် အဓိပ္ပာယ်လိုအပ်လာပြီ။ ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းဖို့လိုအပ်လာပြီ။

ဝမရှိပဲ ဝိမလုပ်နဲ့ဆိုသလို အခြေခံလိုအပ်ချက်တွေပြည့်စုံမှ နောက်တစ်ဆင့်သွားလို့ရမှာဖြစ်တယ်။

Phyo Paing @ Derek

Share Your Idea!​