Motivation ရနေအောင် နေဖို့အချက် ၄ ချက်
၁. Simplify Your Life (ဘဝကိုရိုးရှင်းအောင် လုပ်ပါ။)
အလုပ်တွေအရမ်းများပြီး ဖြစ်ချင်တာများနေရင် ခေါင်းစားစရာများတယ်။ ဒါကြောင့် ဖြစ်ချင်တာ တစ်ခုလောက်ကို focus လုပ်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းပါ။
ဥပမာ အရင်က လုပ်ငန်းတွေအများကြီးလုပ်ချင်တယ်။ လုပ်ငန်းသေးလေးတွေ အများကြီးလည်းလုပ်တယ်။ ခုလည်းလုပ်ထားတယ်။ အာရုံစိုက်စရာတွေ အရမ်းများလာတယ်။ ဘဝကို ပိုမိုရိုးရှင်းစွာဖြတ်သန်းနိုင်ဖို့ ကိုယ်အဓိကလုပ်မည့်အလုပ်ကို ချရေးတယ်။ Training။ ကျန်တာတွေအားလုံး တခြားသူတွေကိုလွဲထားပေးတယ်။ ဘဝက ပိုရိုးရှင်းလာတယ်။ ပို focus လုပ်လာနိုင်တယ်။ Growth ဖြစ်မည့်အလားအလာကို ပိုရှင်းလင်းလာတယ်။
၂. Build a track record ကိုယ့်ရဲ့ဆွတ်ခူးမှုတွေအတွက် မှတ်တမ်းတစ်ခုတည်ဆောက်ပါ။
ပညာရေး Academic
စီးပွားရေး Business
ကိုယ်ရေးကိုယ်တာ Personal မှာဆို ကျန်းမာရေး၊ အချစ်ရေးအဆင်ပြေမှုတွေပါတယ်။
ဒီနယ်ပယ်သုံးခုမှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေကို တစ်ခုပြီးတစ်ခု ချိုးသွားဖို့ ပုံမှန်တည်ဆောက်သွားဖို့ ရည်ရွယ်မယ်ဆိုရင် အမြဲ motivate ဖြစ်စေမှာပါ။
၃. Keep Your Eyes on the Prize ဆုတံဆိပ်တွေပေါ်အာရုံစိုက်ပါ။
ဘယ်အလုပ်မဆို အခက်အခဲရှိပါတယ်။ ပြဿနာကြီးထိုင်မစဉ်းစားပါနဲ့။ ဆုတံဆိပ်တွေ ရလဒ်ကောင်းတွေအပေါ်မှာ အဓိကအာရုံထားပါ။
၄. Fake it until you make it ကိုယ့်ကိုကိုယ်ဖြစ်နိုင်တယ်လို့ အမြဲပြောပါ။
တစ်ခါမှ မရဖူးတဲ့ ရလဒ်ကိုရဖို့ မလုပ်ဖူးတဲ့အလုပ်လုပ်ရမယ်။ မလုပ်ဖူးတဲ့ အလုပ်လုပ်နိုင်ဖို့ စဉ်းစားတွေးခေါ်မှုအသစ်လိုမယ်။ “သကဲ့သို့” Formula ကို ကျင့်သုံးခြင်းဖြင့်လည်း motivate ဖြစ်စေမှာပါ။ ဥပမာ လူတွေက ငါ့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေတယ်လို့ စဉ်းစားမည့်အစား လူတိုင်းငါ့ကိုသဘောကျတယ်ဆိုတဲ့ သကဲ့သို့ စိတ်နဲ့ နေကြည့်ပါ။
Phyo Paing @ Derek