Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Niche

ကိုယ်လိုချင်တဲ့ ကုန်ပစ္စည်းစျေးကွက်ထဲမရှိတဲ့အခါ
ကိုယ်တိုင် ဖန်တီးလိုက်တယ်။

AI ကိုခိုင်းဖို့ prompt တွေ ထပ်ခါထပ်ခါ ပြန်ရိုက်နေရာတာ၊
နောက် OpenAI ထဲဝင်ပြီး Customgpt နဲ့လုပ်နေရတာ
mention ခေါ်ရင် စောင့်နေရာတာ
Custom gpt ဖန်တီးဖို့ အချိန်ကြာတာ၊
ဒါတွေကို ကျော်လွှားဖို့
ကိုယ်အသုံးပြုနေကျ prompt တွေကို စုပြီး
library တစ်ခုလုပ်ထားလိုက်တယ်။

ကိုယ့်လုပ်ငန်း Internal use အတွက်ပြန်သုံးတယ်။

ကိုယ့်လို အသုံးပြုချင်တဲ့သူတွေ သုံးလို့ရအောင်
Akyanpay .AI ဆိုပြီး
Subscription နဲ့ လုပ်လိုက်တယ်။

ကိုယ်လိုချင်တာ ကိုယ်ထုတ်။
ကိုယ့်အတွက် ကိုယ်ထုတ် နည်းနဲ့
တချို့ အပိုင်းတွေကို စမ်းနေရင်းနဲ့
Insidernote တွေ၊ Dream Lab တွေ၊
Akyanpay .com တွေဖြစ်လာတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့
Richard Koch ရဲ့
The Star Principles မှာလဲ
အချက် ၇ ချက်ကို ပြောထားတယ်။
ဒီဘဲက ဆရာကြီး။
80/20 ကိုရေးခဲ့သလို
BCG Matrix စလုပ်ကတည်းက ပါတဲ့သူလဲဖြစ်တယ်။

BCG ဆိုတာ Market Growth/Share ပါတဲ့
Boston Consulting Group က ထုတ်တဲ့ Matrix တစ်ခု။
Star ရယ်၊ နွား Cow ရယ်၊ ခွေး Dog နဲ့ မေးခွန်း Question Mark ပါတယ်။

သူကတော့ ဒီနေ့ခေတ် အများသုံးတဲ့
BCG ရဲ့ Growth Rate နဲ့ Relative Market Share (RMS) နဲ့
တိုင်းတဲ့ ပုံစံမဟုတ်ပဲ
BCG စတင်ကတည်းက early stage သူတို့ထွင်တုန်းက
original ဖြစ်ခဲ့တဲ့ အိုင်ဒီယာကို ဖော်ပြထားတယ်။

Star တစ်ကောင်မွေးဖို့
Niche Market မှာ ကိုယ်က အကြီးဆုံးဖြစ်ရမယ်။
ဒီလိုဖြစ်ဖို့ စျေးကွက်ကို နှစ်ပိုင်းခွဲတဲ့။
ပုံမှန် လူအများစုသွားတဲ့ mass market နဲ့
ဒိုင်လျို niche market.
ဥပမာ betfair ဆို Pokker ကစားတဲ့သူတွေကို
ဘွတ်ကီမလိုပဲ betting exchange လုပ်ပေးတာ၊
McDonald ဆို speed service system နဲ့
စားသောက်ဆိုင်တွေကြားမှာ
မြန်တဲ့စားသောက်ဆိုင်အဖြစ် ဒီဇီုင်းလုပ်ခဲ့တာကစပြီး
နာမည်ပေးတာနဲ့ စျေးကွက်ဖောက်တာကစလို့
The Star Principles ဆိုတဲ့ စာအုပ်မှာ
case studies တွေနဲ့ ဝေဝေဆာဆာ ဖော်ပြထားတယ်။

Phyo Paing @ Derek

Share Your Idea!​