Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

No လို့ပြောရဲဖို့ရယ် လိုတတ်တယ်။

စျေးကွက်က သတ်မှတ်တဲ့တန်ဖိုးနဲ့
တကယ်တန်တဲ့ တန်ဖိုးမတူဘူး။

Market value နဲ့ intrinsic value က
တခါတလေ စျေးကွက်တန်ဖိုးက
နည်းနေတတ်တယ်။
တခါတလေ မတန်တဆ များနေတတ်တယ်။

စျေးကွက်ဆိုတာ ဝယ်လိုအားနဲ့
ရောင်းလိုအားပေါ်မူတည်ပြီးဖြစ်တယ်။

ဝယ်လိုအားများနေရင် စျေးတက်မယ်။
တချို့ဝယ်လိုအားတွေက တစ်ပတ်။
တချို့က တစ်လ။
တစ်ချို့က တစ်နှစ်။
အခြေအနေ မတူကြဘူး။

လူတွေရဲ့ ဒေါသ၊ သောကနဲ့
လောဘတွေကိုသိရင်
စျေးကွက်စိတ်ပညာကို လေ့လာလို့ရပြီ။

ဝါရင်းဘူဖေးပြောသလို
စျေးဆိုတာ ကိုယ်ကပေးလိုက်ရတာ။
တန်ဖိုးဆိုတာ ကိုယ်ကပြန်ရတာတဲ့။
Price is what you pay.
Value is what you get တဲ့။

အရှိကို အရှိအတိုင်းမြင်တတ်ဖို့ရယ်၊
တချို့ ငါးစာတွေ့တိုင်း မဟတ်မိဖို့ရယ်။
No လို့ပြောရဲဖို့ရယ် လိုတတ်တယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​