မွေး၊ နေ၊ သေတဲ့ ဘဝမှာ
မွေးတာနဲ့ သေတာကို
ရွေးချယ်လို့ ရချင်မှရမယ်။
နေတာကိုတော့ ရွေးချယ်လို့ရနိုင်တယ်။
ဘဝကို ဖြတ်သန်းနေထိုင်တဲ့အခါ
မှီခိုအားကိုး၊ လွတ်လပ်၊ သံဝေဂ
ဘဝကို သုံးပိုင်းခွဲကြည့်တယ်။
မှီခိုတဲ့အဆင့်မှာ စားဖို့၊ နေဖို့၊
ကျောင်းတက်ဖို့၊ ပြုစုပျိုးထောင်ဖို့
မိဘ ဒါမှမဟုတ် အမျိုးတွေကို
မှီခိုရတယ်။
ဒီကမှတဆင့် လွတ်လပ်တဲ့အဆင့်ရောက်တယ်။
လူတွေရဲ့ အစွမ်းအစအလိုက်
ဘာအလုပ်လုပ်မယ်၊
ဘယ်သူတွေနဲ့တွေ့မယ်၊
ဘယ်မှာနေမယ်၊
ဘဝကို ဘယ်လိုပုံဖော်မယ် ကွာသွားတယ်။
နောက်တဆင့်က ဘဝမှာ
စိတ်သွားတိုင်း ကိုယ်သိပ်မပါတော့တဲ့အဆင့်။
ငယ်စဥ်ဘဝဖြတ်သန်းခဲ့တာတွေကြည့်ပြီး
သံဝေဂ ရတဲ့အချိန်။
ငယ်ဘဝကိုတော့ ရွေးချယ်လို့မရဘူး။
ဒါက ဘဝရဲ့ပေးထားချက်။
လွတ်လပ်တဲ့ဘဝကိုတော့
ရွေးချယ်လို့ရတယ်။
လူတွေရဲ့ စူပါပါဝါက “ဦးနှောက်”။
ကြံနိုင်စွမ်း၊ ဖန်နိုင်စွမ်း၊
ပြဿနာဖြေရှင်းနိုင်စွမ်း၊
မှားနေရင် မှားတာသိပြီး
ပြင်နိုင်စွမ်း။
ကိုယ်လိုချင်တာကို ရအောင်
တဆင့်ချင်းယူနိုင်စွမ်း။
ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်စွမ်း
ဒါတွေက အရေးကြီးသွားပြီ။
ကံမရှိဥာဏ်ရှိတိုင်းမွဲဆိုတာမှန်နိုင်သလို
ဥာဏ်မရှိ ကံရှိတိုင်းလဲ မွဲနိုင်တယ်။
ဒါကြောင့် No Pain, No Gain ဆိုတာထက်
No Brain, No Gain ကို ပိုယုံတယ်။
Phyo Paing @ Derek