တစ်ရက်စာတစ်အုပ်ပြီးအောင်ဖတ်ရမယ်။
တစ်ရက် video တစ်ခု ဖန်တီးရမယ်။
တစ်ရက် စာတစ်ပိုဒ်ရေးရမယ်။
တစ်ရက် pushups တစ်ရာလုပ်ရမယ်။
မနက်တိုင်း ၁၅ မိနစ် တရားထိုင်ရမယ်။
စိတ်ညစ်စရာတိုင်း ၁ မိနစ်ထက် ပိုမခံစားဘူး။
နေ့တိုင်း ၁၅ မိနစ် အလုပ်အကြောင်း plan ရမယ်။
Learning App နှစ်ခုအတွက် တစ်ရက်
၃၅ မိနစ်အထက် အချိန်ပေးတယ်။
ဒါတွေက ကိုယ့်ရဲ့ non-negotiable setpoint ပဲ။
ဒီနေ့ Vishen Lakhiani ရဲ့
The Codes of Extraordinary Mind ကို
Video လုပ်ဖို့ သူ့စာအုပ်ဖတ်နေရင်း
ကိုယ်နဲ့တူတဲ့ idea တစ်ခုတွေ့တယ်။
ဒါကိုတော့ Vishen က non-negotiable setpoint
လို့ခေါ်တယ်။
ကျွန်တော်ကတော့
Daily Feel-Good List လို့သုံးတယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့တစ်ရက်တာ
အဓိပ္ပာယ်ရှိဖို့ အဲ့အချက်တွေက မရှိမဖြစ်လိုလို့။
Phyo Paing @ Derek