ဒီနေ့ခေတ် မားကတ်တင်းရဲ့
နတ်ရေစင်ကတော့
Organic Social Media ပဲ။
ကိုယ်တင်လိုက်တဲ့
စာ၊ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို
ကုန်ကျစရိတ်မရှိပဲ
လူများများဆီရောက်နိုင်ခြင်းကို
ဆိုလိုတာ ဖြစ်ပါတယ်။
ကိုယ်က content တင်တင်၊
ကြော်ငြာတင်တင် လူတွေ
မြင်နေပြီး စိတ်ဝင်စားနေတဲ့အခါ
ကိုယ့်ရဲ့ မားကတ်တင်းစနစ်က
ကြော်ငြာစရိတ်မသုံးရင်တောင်
လည်ပတ်နေတာဖြစ်တဲ့အတွက်
အရှုံးမရှိဖြစ်နေမှာ။
အရောင်းကို ဒီထက်ပိုလိုချင်လို့
Boost လုပ်တယ်၊
Media Buying လုပ်တယ်ဆိုလဲသဘောပေါ့။
ဆိုလိုချင်တာကတော့
ကိုယ့်လုပ်ငန်းတူက ရောင်းအားတစ်ခုရဖို့
ကြော်ငြာစရိတ်တွေ အများကြီးသုံးနေရတဲ့အချိန်
ကိုယ်က အထာကျကျ ဆရာကျကျ
လည်ပတ်နေလို့ရတယ်။
မားကတ်တင်းမှာ နားထောင်ရဆိုးပေမယ့်
ဟုတ်သလိုလိုရှိတဲ့ စကားတစ်ခုရှိတယ်။
ဒါကတော့
“Marketing is like sex: only losers pay for it.”
― Antonio Garcia Martinez တဲ့။
ကြော်ငြာတာ ကောင်းတဲ့အချက်ပါ။
ကြော်ငြာတဲ့ အပေါ် ယံအလွှာမှာ
Organic Social Media
တည်ဆောက်ထားဖို့လိုတယ်။
ဒါကြောင့် ကိုယ့်လုပ်ငန်းကို
မီဒီယာတစ်ခုလို စဥ်းစားဖို့လိုတယ်။
ဒါကတော့ ဒီနေ့ခေတ် မားကတ်တင်း
သမားတွေ စဥ်းစားတဲ့
ခေတ်ပြိုင် အတွေးအခေါ်တစ်ခုပဲ။
အစပိုင်း လုပ်ငန်းစတဲ့အခါ
Paid ads ကြော်ငြာတွေကနေ
ဝင်ငွေရှာတဲ့ အဆင့်။
ဒီကမှ တဆင့် အမှတ်တံဆိပ်
တည်ဆောက်တဲ့အဆင့်။
ဒီကမှ တဆင့်
မီဒီယာတည်ဆောက်တဲ့အဆင့်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay