Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

P သုံးလုံး။

ဘဝမှာ အချိန်အများကြီးမရှိဘူး။
တစ်နှစ်တစ်နှစ်ဆိုတာ
ဘယ်လို ကုန်လို့ကုန်သွားမှန်းမသိဘူး။
ခက်ခဲနေရင်သာကြာတာ၊
ပျော်နေရင် အချိန်ကုန်တာပိုမြန်တယ်။

အများတဲ့အချိန်အများကြီးထဲမှာ
အလုပ်တိုင်းကို လိုက်လုပ်လို့မရဘူး။
ဒီတော့ ဘယ်အလုပ်လုပ်ရင်
ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲ
စဥ်းစားရပြီ။

ဒီလိုစဥ်းစားတဲ့အချိန်မှာ
အဓိကအချက်သုံးချက်နဲ့စဥ်းစားတယ်။​
၁။ Passion ကိုယ်အလုပ်အပေါ်ချစ်မြတ်နိုးမှု
၂။ Profit ပြန်ရမည့်ငွေကြေးအမြတ်
၃။ Purpose လူတွေအပေါ်အကျိုးပြုမှုရည်ရွယ်ချက်

ဒီတော့ဘဝမှာ ကိုယ်လုပ်မည့်အလုပ်တွေကို
ရွေးချယ်ဖို့ ပထမဦးဆုံးအနေနဲ့
ကိုယ်မလုပ်ရရင် မနေနိုင်၊
မစဥ်းစားရရင် မနေနိုင်တဲ့
အရာတွေကို ချရေးကြည့်။

ဥပမာ ကျွန်တော့်အနေနဲ့ပြောရမယ်ဆို
စိတ်ပညာ၊ အတွေးအခေါ်ပညာ၊
မဟာဗျူဟာပိုင်း၊ တိုးတက်ရေးပိုင်း၊
စွမ်းဆောင်ရည်တိုးတက်မှုပိုင်းနဲ့
ဒါကိုလုပ်ပေးတဲ့ နည်းပညာသစ်တွေ၊
စွန့်ဦးတီထွင်မှု၊ ပညာရေး၊
သင်ယူမှု၊ သင်ကြားမှုပညာ၊
ဝိဇ္ဇာပညာ၊ အိုင်ဒီယာအသစ်တွေအကြောင်း။
ဒါတွေကို မလုပ်ရမနေနိုင်ဘူး။
ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်တွေကို
ဒီအပေါ်မှာ အခြေခံတယ်။

ဒုတိယအနေနဲ့ ကိုယ်မလုပ်ရမနေနိုင်တဲ့
အလုပ်တွေကိုလုပ်ပြီး
ဝင်ငွေဖန်တီးနိုင်တဲ့နည်းလမ်းတွေကို
စဥ်းစားကြည့်ပါ။
ချရေးကြည့်ပါ။

ဥပမာ အလွယ်ဆုံးကတော့
ကုမ္ပဏီတစ်ခုအလုပ်ဝင်လုပ်တာ။
ဒီနေ့ခေတ် အလွတ်တန်းပညာရှင် freelance လုပ်တာ။
ကိုယ့်အလားအလာရှိတဲ့ဖောက်သည်တွေသိအောင်
social media လူမှုကွန်ယက်မှာ
blogging/ vlogging လုပ်တာ၊
စာရေးတာ။
ဒီကမှတစ်ဆင့် ကိုယ်တိုင်လုပ်ငန်းလုပ်တာ။
ကိုယ်တိုင်လုပ်ငန်းလုပ်တဲ့အချိန်လဲ
တခြားသူတွေနဲ့မတူညီတဲ့
business model နဲ့ အလုပ်လုပ်နိုင်တာ။
ဝင်ငွေရနိုင်မည့် revenue streams တွေ
အကုန်မျက်စိဖွင့်နားစွင့်ပြီးစဥ်းစားကြည့်ပါ။

တတိယကတော့ purpose ရည်ရွယ်ချက်။
ကိုယ့်ဘဝမှာ အသက်ရင်စဥ်
လောကကိုပြန်ပေးခဲ့ချင်တဲ့အရာပေါ့။
လူသားတစ်ယောက်က ငွေကြေး money ပြီးရင်
ဘဝအဓိပ္ပာယ်ရှိဖို့ meaning လိုပါတယ်။​
ဒီအဓိပ္ပာယ် meaning ကို purpose လို့ခေါ်ပါတယ်။

ဥပမာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာတစ်လုံးစီရှိရမယ်။
ကွန်ပြူတာတိုင်းမှာ microsoft ရှိရမယ်တို့။
နောက် ကမ္ဘာ့သတင်းအချက်တွေကို
လူတိုင်းရယူသုံးစွဲနိုင်အောင်ကူညီပေးမယ်တို့။ (Google)
ဒါတွေ ကြားဖူးလိမ့်မယ်။​
ဒါက လုပ်ငန်းတစ်ခုကို ရပ်တည်နိုင်ဖို့
သမိုင်းပေးတာဝန်တွေပဲ။

ကိုယ့်ရဲ့သမိုင်းပေးတာဝန်ကဘာလဲ။
ဒါကိုမသိရင် ငွေရှိတဲ့တစ်နေ့
မနက်မိုးလင်း ဘာလုပ်ရမယ်မသိတဲ့သူအများကြီး
J-me ပြောသလိုဖြစ်နေမယ်။

ဒီအကြောင်းကို စဥ်းစားကြည့်တော့
ကျွန်တော့်အတွက်ထွက်လာတဲ့အဖြေတစ်ခုက
Transforming lives through education & technology
ပညာရေးနဲ့နည်းပညာအသုံးပြု
ဘဝတွေကိုအပြောင်းအလဲလုပ်ပေးနိုင်ရမယ်။​

ဒီ Passion, Profit နဲ့ Purpose
သုံးခုနဲ့ ကိုက်ညီတဲ့အလုပ်ကိုလုပ်နေရင်
ဘဝက အသက်ရှင်ပြီး အသက်ဝင်နေလိမ့်မယ်။​

ဒီသုံးခုနဲ့ညီတဲ့ဘဝကိုတည်ဆောက်ဖို့
မဟာဗျူဟာကျတဲ့ စိတ်ရှည်မှု
Strategic Patience လိုတယ်။
ငါးနှစ်နဲ့ ဆယ်နှစ်လောက်အချိန်ပေးမယ်လို့
စဥ်းစားကြည့်။

ဒါကတော့ ကိုယ့်ဘဝမှာ အသုံးချလေ့ရှိတဲ့
P သုံးလုံး အလုပ်ရွေးချယ်နည်း။
တခြားမိတ်ဆွေတွေလဲ အသုံးပြုချင်
သုံးလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​