ရည်မှန်းချက်ပန်းတိုင်ချတဲ့အခါ
ဖြစ်ချင်တာပေါ်မူတည်ပြီးချတာရှိတယ်။
အကြောက်တရားပေါ်မူတည်ပြီး
ရည်မှန်းချက်ပန်းတိုင်ချတာရှိတယ်။
ဖြစ်ချင်တာပေါ်မူတည်ပြီးချတာကတော့
ရှင်းတယ်။
နောက်လေးငါးဆယ်နှစ်မှာ ဘာဖြစ်ချင်သလဲ။
ဒါကို personal, professional နဲ့ business
တိုးတက်ရေးအပိုင်းမှာ အသုံးပြုတယ်။
ဒါက အများစုသိထားတဲ့ goal setting ပေါ့။
နောက်တစ်နည်းက အကြောက်တရားပေါ်မှာ
မူတည်ပြီး ရည်မှန်းချက်ပန်းတိုင်ချတာကတော့
ကိုယ်မဖြစ်ချင်တဲ့အရာတွေကို
ရှောင်ရှားဖို့ ချတဲ့နည်းပေါ့။
ဒါကို Tim Ferriss က Fear setting ဆိုပြီး
ပြောတယ်။
ဖြစ်ချင်တာပေါ်မူတည်ပြီး ရည်မှန်းချက်ချတာကတော့
ကိုယ်ဖြစ်ချင်တာတွေက အချိန်နဲ့အမျှ
ပြောင်းလဲနေမှာ။
ငယ်ငယ်တုန်းကဆို အလုပ်ရချင်တယ်၊
မန်နေဂျာဖြစ်ချင်တယ်၊ လုပ်ငန်းဦးဆောင်သူဖြစ်ချင်တယ်၊
ဖြစ်ချင်တာတွေက ပြောင်းနေမှာ။
ကိုယ်မဖြစ်ချင်တဲ့အရာအပေါ်မူတည်ပြီး
ရည်မှန်းချက်ချနည်းကျတော့
ဥပမာ အသက်ကြီးတဲ့အခါ င weak မဖြစ်ချင်ဘူး။
ဒီတော့ အသက်ငယ်တုန်းမှာ testosterone များအောင်
ကြိုတင် လေ့ကျင့်ခန်းလုပ်ထားတာမျိုး။
ဆီးချို၊ သွေးတိုးနဲ့ နာတာရှည်ရောဂါမဖြစ်ချင်ရင်
အစားအသောက်နဲ့ လေ့ကျင့်ခန်းကိုဂရုစိုက်
သေချာလုပ်ဆောင်တာမျိုး။
အသက်ကြီးမှ အထီးမကျန်ချင်ရင်
အပေါင်းအသင်နဲ့ မိသားစုသေချာတည်ဆောက်တာမျိုး။
ကိုယ့်ကိုကိုယ် တန်ဖိုးရှိတဲ့သူတစ်ယောက်လို့
မခံစားရမှာဆိုးတဲ့အတွက်
တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုရှိအောင်
လုပ်ဆောင်နေတာမျိုး။
ရည်မှန်းချက်ပန်းတိုင်ကို ဒီနှစ်နည်းနဲ့
အကြမ်းဖျင်းချမှတ်လို့ရတယ်။
ဒါကို Pain & Pleasure Principle လို့ခေါ်တယ်။
လူတွေရဲ့ limbic system လို့ခေါ်တဲ့
စိတ်ခံစားမှုအပိုင်း ဦးနှောက်က
ဒီ နာကျင်မှုနဲ့ ပျော်ရွင်မှုနှစ်ခုပေါ်မူတည်ပြီး
အလုပ်လုပ်တယ်။
Phyo Paing @ Derek