Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Pain = Strength

British Council library မှာထိုင်
စလုံးက Strait Times သတင်းစာကိုကိုင်
နားမလည်တဲ့စကားလုံးတွေများ
ခေါင်းတွေမူး စိတ်ညစ်မှုတွေတွေ့တိုင်း
ဒါက ကိုယ့်ရဲ့ strength-building game ပဲ
နားလည်ခဲ့တယ်။

အိပ်ယာကမထပဲ ဒီနေ့တစ်ရက်ခဏလောက်
Alarm ပိတ်ပြီး ပြန်အိပ်မယ်ကြံတိုင်း
ဒီတိုက်ပွဲမှာ ကိုယ်ကျဆုံးတော့မယ်အသိနဲ့
မျက်စိကို ပြူးပြဲထပြီး အလုပ်ထလုပ်ခြင်းက
strength-building ပဲ။

ပြေးနေရင်း ခြေထောက်ညောင်းလာတယ်။
မောလာတယ် ရပ်တော့မယ်ဆိုတိုင်း
ဒါက ဘဝရဲ့ နေ့စဉ်တိုက်ပွဲ
ငါကျဆုံးလို့ မရဘူး။
ဒါက strength-building ပဲ။

ကတိပေးခဲ့တဲ့ video သင်ခန်းစာတွေ
ရိုက်ဖို့ အရမ်းပျင်းပြီး
ငါကတိပေးမိတာ မှားပြီ
စဉ်းစားမိတဲ့အချိန်တိုင်း
ဒါက ငါ့အတွက် strength-building ပဲ။

ပြဿနာဆိုတာ relative ပဲ။
ဆယ်တန်းကျောင်းသားအတွက်
သူငယ်တန်းပုစ္ဆာက ပြဿနာမဟုတ်ဘူး။

Good Life ကို တည်ဆောက်ဖို့
Easy Life ကို တိုက်ဖျက်ဖို့
ကိုယ်က ကိုယ့်ပြဿနာထက်
အမြဲကြီးသွားဖို့
နေ့စဉ် strength-building လုပ်နေရမယ်။

Phyo Paing @ Derek

Share Your Idea!​