Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Peak Productivity တည်ဆောက်လို့ရတယ်။

ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်မြင့်
ဖော်မြူလာကတော့ ရှင်းရှင်းလေး။

Physiology + Psychology + Philosophy = Productivity

စားချင်တာတွေစား
သောက်ချင်တာသောက်ပြီး
ဇီဝကမ္မဖြစ်စဥ် ကို ဂရုမစိုက်ပဲ
စွမ်းဆောင်ရည်မြင့်အောင်လုပ်လို့မလွယ်ဘူး။
အားကစားသမားတွေ ကြည့်ကြည့်။
သူတို့ရဲ့ ဇီဝကမ္မဖြစ်စဥ်ဖြစ်တဲ့
physiology ကို ဘယ်လောက်အရေးထားလဲ။
အစား၊ အသောက်၊ အအိမ်၊ ကျန်းမာရေးကို
ဂရုအထူး စိုက်ကြတယ်။

စိတ်ပညာမသိပဲ အမူအကျင့်
တည်ဆောက်ဖို့ မလွယ်ဘူး။
ဘူကောင်တွေနဲ့ တွေ့တဲ့အခါ
ကိုယ့်ကိုကိုယ် မဘူအောင်လုပ်တတ်ကိုင်တတ်
တွေ့တတ်ဖို့က စိတ်ပညာသိဖို့လိုတယ်။
ဒေါသဖြေနည်း၊ အဆိပ်အတောက်အတွေးအခေါ်တွေကို
အာပတ်ဖြေနည်း၊ လူတွေရဲ့စိတ်အလုပ်လုပ်ပုံ
ဒါတွေသိထားမယ်ဆိုရင်
ကိုယ့်ရဲ့ စွမ်းဆောင်ရည်တိုးတက်အောင်
အများကြီး ကူညီပေးနိုင်တယ်။

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
ဒါက Philosophy ပဲ။
ဥာဏ်ပညာကို ချစ်မြတ်နိုးတာကို
အတွေးအခေါ် ပညာလို့ခေါ်တယ်။
ကိုယ့်ရဲ့ အတွေးအခေါ်က
ကိုယ့်ရဲ့ ခံစားမှုနဲ့ လုပ်ရပ်အပေါ်
သက်ရောက်မှုရှိတယ်။

ဒီသုံးခုကို သေချာဒီဇိုင်းလုပ်
အသုံးပြုနိုင်ရင်
စွမ်းဆောင်ရည်မြင့် နောက်တစ်ဆင့်အတွက်
Peak Productivity တည်ဆောက်လို့ရတယ်။

Phyo Paing @ Derek

Share Your Idea!​