Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Peak Productivity ရှာ
ကိုယ့်စိတ်နဲ့ ခန္ဓာမှာတွေ့

ကမ္ဘာပေါ်မှာ စိတ်အဝင်စားစရာ
အကောင်းဆုံးအရာတစ်ခုက
ကိုယ့်ကိုယ်ကိုပဲ။

သံသရာထဲက လွတ်မြောက်ချင်ဖို့
တရားရှာတဲ့အခါလဲ
“တရားရှာ ခန္ဓာမှာတွေ့” ဆိုသလိုပါပဲ။

ကိုယ်လိုချင်တဲ့အရာတွေကို
အတားအဆီးပြုလုပ်ထားတဲ့သူကတော့
ကိုယ်တိုင်ပါပဲ။

ကိုယ်လိုချင်တဲ့အရာတွေကို
ယူဆောင်ပေးနိုင်သူကလဲ ကိုယ်တိုင်ပါပဲ။

ဒီစိတ်၊ ဒီခန္ဓာနဲ့ ပေါင်းစပ်ထားတဲ့
ဒီလူကို hacking သေချာလုပ်နိုင်ရင်၊
သေချာ လေ့ကျင့်နိုင်ရင်
လောကီရဲ့ အောင်မြင်မှုတွေသာမက
လောကုတ္တရာ သံသရာထဲက
လွတ်မြောက်နိုင်တာ
ဗုဒ္ဓရဲ့ အဆုံးအမတွေ အားလုံးသိပြီးဖြစ်မှာပဲ။

လောကီရေးရာအတွက်
လိုချင်တဲ့ ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေရဖို့၊
စိတ်အေးချမ်းမှုတွေရဖို့၊
ကိုယ့်ရဲ့ အကောင်းဆုံးဗားရှင်းကို
တည်ဆောက်ဖို့ Peak Productivity ဖြစ်ဖို့
ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေ၊
ဖန်တီးဖို့လိုလာတယ်။

လူတွေက မွေးကတည်းက
အသုံးပြုနည်း စာအုပ်ကြီးနဲ့
မွေးလာတာ မဟုတ်တော့
နည်းနည်းတော့ခက်တယ်။

ကိုယ့်ကိုယ်ကို ပြန်လည်လေ့လာဖို့၊
သုံးသပ်၊ ဆန်းစစ်၊ ပြန်ပြုပြင်၊
ထိန်းကြောင်းဖို့ နည်းလမ်းတွေလိုလာတယ်။

ဒီနည်းလမ်းတွေ သိလာရင်
လိုချင်တဲ့ ခန္ဓာကိုယ်၊
ပိုင်ဆိုင်ချင်တဲ့ ဥာဏ်ပညာ၊
လိုချင်တဲ့ ငွေကြေးလွတ်မြောက်မှု၊
ကိုယ်အနားမှာ ရှိစေချင်တဲ့သူတွေ၊
နေချင်တဲ့ ဘဝနေထိုင်မှု
ဒါတွေ အကုန်ဆွဲငြင်နိုင်တယ်ဆိုတာ
နားလည်လာတယ်။

ဘဝရဲ့ ဆွတ်ခူးမှုတွေကို
ကိုယ့်ကိုယ်ကိုမှာ ပြန်ရှာရမှာပဲ။

Peak Productivity ရှာ
ကိုယ့်စိတ်နဲ့ ခန္ဓာမှာတွေ့သလိုပဲ။

Phyo Paing @ Derek

Share Your Idea!​