၂၀၁၄ ဒီဇင်ဘာလမှာ
ဖုန်းဆိုင်မှာ ထိုင်နေရင်းစဥ်းစားမိတယ်။
ငါဒီဆိုင်ကြီးကို ကိုယ်မပါပဲ
ဘယ်လို လည်ပတ်အောင်လုပ်လို့ရမလဲ။
Oredoo ဆင်းကဒ်တွေတုန်းကလဲ
ဆိုင်အရင်းတွေက သုံးလေးပြန်ကြေပြီးပြီ။
ပိတ်လိုက်ပြန်ရင်လဲ မဟုတ်သေးပြန်ဘူး။
ဒီတော့ နည်းလမ်းစဥ်းစားရတယ်။
ကြားထဲမှာ နည်းလမ်းမျိုးစုံစဥ်းစားရင်း
June ၂၀၁၅ မှာ မန်နေဂျာညီလေးနဲ့
သဘောတူညီမှုတစ်ခုယူတယ်။
တစ်လကို အသားတင် သိန်း ၄၀
နှစ်နှစ်တိတိရှာပေးရင်
နှစ်နှစ်ပြည့်တဲ့အခါ ပိုင်ဆိုင်မှု
၃၀% ပေးမယ်။
ဒါပေမယ့် ၃၀% ကို ထုတ်သွားလို့မရဘူး။
နောက်သုံးနှစ်ပြန်လုပ်ပြီးမှ
ထုတ်လို့ရမယ်။
ပုံမှန် သိန်း ၃၀၀ ကျော်နဲ့စခဲ့တဲ့
ဆိုင်သေးသေးလေးတစ်ခုအတွက်
အမြတ် (Return On Investment) က
မဆိုးဘူးပြောရမယ်။
ကတိပေးခဲ့တဲ့အတိုင်း တစ်လမှ
၄၀ အောက်မလျော့ခဲ့ဘူး။
နှစ်နှစ်နေတော့ ၃၀% ပေးတယ်။
နောက်သုံးနှစ်ထပ်လုပ်တယ်။
ဒါပေမယ့် ပိုင်ဆိုင်မှု ၃၀% ကို
ထုတ်မသွားခဲ့ဘူး။
March 2014 ကနေ March 2022 ထိ
ရှစ်နှစ်တိတိ ကြာခဲ့တယ်။
သူလဲ ကားအကောင်းစားတွေဘာတွေနဲ့
ဖြစ်သွားပြီ။
ကိုယ့် client လုပ်ငန်းကြီးတချို့ကလဲ
ဒီလုပ်ငန်းတွေဖြစ်နေတော့
March 2022 မှာ အပြီးအပိုင်ရောင်းချပေးခဲ့တယ်။
၂၀၁၆ ကစပြီး တိုင်ကိုရောက်ဖြစ်တဲ့အချိန်က
လက်ချိုးရေလို့ရတယ်။
ဒါကတော့ SME လုပ်ငန်းသေးသေးလေးနဲ့
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း
စမ်းသပ်မှုပေါ့။
နောက်ပိုင်းမှာ လူတွေအပေါ်မှီခိုတာနည်းတဲ့
Digital Product အပိုင်းတွေလုပ်တယ်။
Business System တချို့ချပြီး
ပုံမှန်ဝင်ငွေရတဲ့အလုပ်တချို့ကို
တည်ဆောက်ပြီး လိုချင်တဲ့
ဘဝနေထိုင်မှုပုံစံဖန်တီးတယ်။
အများကြီးဝင်နေတာမျိုးမဟုတ်ပေမယ့်
မိသားစုတစ်စုစာလုပ်ကတော့
အလုပ်မလုပ်ပဲ အေးဆေးနေလို့ရတဲ့
စနစ်တစ်ခုဖြစ်တယ်။
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတစ်ခု
ဖြစ်ဖို့အတွက်ဆိုရင်
People + System = Result
လူ၊ စနစ်နဲ့ လိုချင်တဲ့ ရလဒ်သုံးခုလိုတယ်။
စနစ်ကြီးပဲကောင်းလို့လဲမရဘူး။
လူကြီးပဲကောင်းနေရုံနဲ့လဲမရဘူး။
တိတိကျကျ သတ်မှတ်ထားတဲ့
ရည်မှန်းချက်ပန်းတိုင်လဲ လိုတယ်။
ဒီလူ၊ စနစ်၊ ပန်းတိုင်သုံးခုကို
PDCA လုပ်ရတယ်။
သေချာ စီမံကိန်းဆွဲ plan ချဖို့လိုတယ်။
Plan တစ်ခုကောင်းမကောင်းဟာ
စီမံကိန်းချတာနဲ့ အကောင်အထည်ဖော်တဲ့
Plan Vs Actual ဘယ်လောက်နည်းစပ်လဲနဲ့
တိုင်းတာတယ်။
Do တကယ်လုပ်ဆောင်ဖို့လိုတယ်။
လုပ်ဆောင်ပြီးလဲ ဒီအတိုင်းထားထားလို့မရဘူး။
Check ပြန်လည်စစ်ဆေး သုံးသပ်ဖို့လိုတယ်။
မှန်နေတာတွေကို ဆက်လုပ်၊
သိပ်မမှန်သေးတာကို ပြန် Act ပြန်လုပ်ရတယ်။
လုပ်ငန်းတစ်ခုကို Plan လုပ်ဖို့အတွက်
လူတွေကိုယ့်လုပ်ငန်းကို စိတ်ဝင်စားအောင်
လူတွေ ကိုယ့်ဆီကလာဝယ်အောင်
လူတွေ ဝယ်ပြီးရင်း ထပ်ဝယ်အောင်
ဝန်ဆောင်မှုစနစ် ကောင်းကောင်းမွန်မွန်လည်ပတ်အောင်
ဝင်ငွေထွက်ငွေ၊ အရှုံးအမြတ်၊
လက်ကျန်စာရင်းရှင်းတမ်းတွေ မှန်အောင်
သေချာ စီမံကိန်းရေးဆွဲဖို့လိုတယ်။
ဒီအခြေခံ plan မလုပ်တတ်ရင်
ကျန်တဲ့ do, check, act က
အဆင်ပြေမှာ မဟုတ်ဘူး။
ဒါကြောင့် ကိုယ်မပါပဲ လည်ပတ်တဲ့
လုပ်ငန်းတည်ဆောက်ဖို့အတွက်
လူ၊ စနစ်၊ ပန်းတိုင်ကို သေချာ
စီမံကိန်းချ လုပ်ဆောင်နိုင်ဖို့လိုတယ်။
ဒါနဲ့ စနစ်ဆိုတာ ကိုယ်ပါပါမပါပါ
လည်ပတ်နေတာမျိုးကို ခေါ်တာ။
A repeatable process that works
with or without you ပေါ့။
ကိုယ်ကတော့ ပိုက်ဆံကြိုက်တယ်။
ပိုက်ဆံကို သမာသမတ်နည်းနဲ့ရှာဖို့
စီးပွားရေးလုပ်တာ လေ့လာတယ်။
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့
အားသန်တယ် ဒီလောက်ပါပဲ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay