ကိုယ့်ရဲ့ အကောင်းဆုံး ဗားရှင်းကို
တည်ဆောက်နေသူရဲ့ ရန်သူက
“Perfect ပြီးပြည့်စုံခြင်း”ပဲ။
လူတွေက “အကောင်းဆုံး Excellence” နဲ့
ထပ်တိုးတက်စရာမလိုတော့ဘူး
“ပြီးပြည့်စုံနေပြီ Perfect” ဆိုတဲ့
စကားလုံးနှစ်ခုကို ရောနေတတ်ကြတယ်။
အကောင်းဆုံးဆိုတာ
ပေးထားတဲ့အခြေအနေမှာ
ပေးထားတဲ့ ကံ၊ ဥာဏ်၊ ဝိရိယ၊
အရင်းအမြစ်နဲ့ အကောင်းဆုံးရလဒ်ကို
လုပ်ဆောင်ရယူနိုင်တာဖြစ်တယ်။
လူတွေထင်တဲ့ ပြီးပြည့်စုံတဲ့ perfect
ဆိုတဲ့ နောက်ကွယ်မှာ
လူတွေမသိတဲ့ အပြစ်အနာအဆာတွေ
အများကြီး ရှိနေတတ်တယ်။
ဒါကြောင့် ပြီးပြည့်စုံမှု perfect အစား
တိုးတက်မှု progress နဲ့ အစားထိုးလို့ရတယ်။
၃၁ ဘုံထဲမှာ ကျင်လည်နေသမျှ
ကိုယ်အမြဲတိုးတက်လို့ရနိုင်သေးတယ်လို့
စဥ်းစားကြည်ကြည့်လို့ရနိုင်တယ်။
Phyo Paing @ Derek