လူတွေရဲ့အထင်အမြင်ကို
ဂရုမစိုက်ပဲ psychological freedom
စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုရဖို့
ကိုယ်နေ့စဥ်နေထိုင်နေတဲ့
ဘဝနေထိုင်မှုအတွက် ငွေကြေးကို
တခြားသူတွေ မျက်နှာမကြည့်ပဲ
ပုံမှန်ဝင်နေတဲ့ စနစ်တစ်ခု
တည်ဆောက်ထားဖို့လိုတယ်။
Page တွေဖွင့်ပြီး personal branding တို့၊
blogging သို့ vlogging လုပ်တဲ့အခါ
ငါရောင်းစရာမလိုပဲ တင်ချင်တာတင်မယ်။
ဒီလို အတွေးထားနိုင်ဖို့က
Follower တွေဆီက ငွေမရှာပဲ
monetization မလုပ်ပဲ ရပ်တည်နိုင်ဖို့
မဟာဗျူဟာစဥ်းစားထားဖို့လိုတယ်။
မဟုတ်ရင် ငါတင်ချင်တာတင်မယ်ဆိုတဲ့
authenticity စစ်မှန်မှုက
ငါ့ဆီမဝယ်တော့ရင် ဘယ်လိုဖြစ်မလဲဆိုတဲ့
အဿပြာဆီ အာရုံရောက်ရောက်ပြီး
ကိုယ့်ကိုကိုယ် express ထုတ်ဖော်နိုင်မှာမဟုတ်ဘူး။
Personal Branding ဆိုတာ
လူတွေ အထင်ကြီးအောင်လုပ်နေတာကို
ပြောတာထက် “ကိုယ့်ရဲ့ရပ်တည်ချက်”၊
“တန်ဖိုးထားမှု”၊ “ဖြစ်တည်မှု”၊
“ဘဝဖြတ်သန်းမှု”၊ “ယုံကြည်မှု” ဖြစ်စဥ်ကို
မျှဝေရင်း ကိုယ်နဲ့ အတွေးသူတဲ့
လူတွေစုစည်းမိပြီး tribe လူမျိုးစုတစ်စု
community လူမှုအပေါင်းအသင်းတစ်ခု
ဖြစ်သွားတာမျိုးကို ဆိုလိုတာ။
လူတိုင်းက ကိုယ့်လိုစဥ်းစားမှာမဟုတ်ဘူး။
လူတိုင်းကိုယ့်ကို သဘောကျနေအောင်လုပ်နေရင်
တစ်ခုခုတော့ မှားနေပြီဆိုတာ မှန်တယ်။
Phyo Paing @ Derek