Personalized Business Model
လူတွေမှာ ကိုယ်ရည်ကိုယ်သွေး မတူကြဘူး။
ဒီကိုယ်ရည်ကိုယ်သွေးပေါ်မူတည်ပြီး
လုပ်ငန်းလုပ်တဲ့ ပုံစံနဲ့
ကြွယ်ဝမှုတည်ဆောက်ရေးပုံစံ
မတူကြဘူး။
ဒီ wealth-building strategy က
ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ်
အခြေခံတဲ့အခါ ကိုယ့်ရဲ့အားသာချက်ကို
အကောင်းဆုံးပိုအသုံးချနိုင်မှာဖြစ်သလို
ကုတ်အားကန်အား leverage ကိုလဲ
အကောင်းဆုံးပိုအသုံးချနိုင်မှာဖြစ်ပါတယ်။
တချို့က ဖန်တီးရတာကြိုက်တဲ့
ကိုယ်ရည်ကိုယ်သွေးရှိိတယ်။
တချို့က လူတွနေဲ့ ပတ်သက်လို့
ပြုစုပျိုးထောင်ပေးရတာကြိုက်တယ်။
တချို့က စင်ပေါ်မှာ ကိုယ့်ကို
အလင်းပေးတာ ကြိုက်တယ်။
တချို့က စျေးဆစ်ရတာကြိုက်တယ်။
တချို့က ဝယ်ရောင်းကြိုက်တယ်။
တချို့က ဖြေးဖြေးမှန်မှန်
ရင်းနှီးမြုပ်နှံမှုကို ကြိုက်တယ်။
တချို့က စနစ်ချရတာ ကြိုက်တယ်။
ဒါကို wealthy dynamics လို့ခေါ်တယ်။
ဒီ personality ပေါ်မူတည်ပြီး
Personalized Business Model
တည်ဆောက်နိုင်ရင်
အေးဆေးလေးနဲ့ လုပ်ငန်း ကြီးအောင်
stress နည်းနည်းနဲ့ growth မြန်မြန်
တည်ဆောက်နိုင်တယ်။
ဒီ personality ပေါ်မူတည်ပြီး
Business ကို design လုပ်ဖို့လိုတယ်။
ဒါကြောင့်
Personality Based Business Model ပေါ်မှာ
၁။ Design > Default
လုပ်ငန်းကို ဖြစ်သလို default mode နေတာထက်
design သေချာလုပ်ဖို့လိုတယ်။
၂။ Structure > System
ဖွဲ့စည်းပုံက စနစ်ထက်ပိုအရေးကြီးတယ်။
ကိုယ့်လုပ်ငန်းရဲ့ 0 to 1 စနစ်မှာ
pirate ဓားမြပုံစနစ်ဖြစ်နိုင်ပေမည့်
10 to 100 မှာ တပ်ပုံစံဖြစ်နိုင်တယ်။
၃။ Philosophy > Positioning
ဖောက်သည်တွေ ရင်ထဲဘယ်လိုပုံစံ
နေရာယူမလဲ မစဉ်းစားခင်
ကိုယ့်လုပ်ငန်းရဲ့ စီးပွါးရေး အတွေးအခေါ်ကို
အရင် စဉ်းစားဖို့လိုတယ်။
Apple ရဲ့အမြင်သာဆုံး philosophy က
Seamless user-experience ဖြစ်ဖို့
hardware and software integration
သေချာဖြစ်ဖို့လိုတယ်။
ဒါကြောင့် digital hub strategy ကို
တည်ဆောက်ခဲ့တယ်။
Xiaomi ဆို ရင် innovation for everyone
လူတိုင်းအတွက် တည်ထွင်ဆန်းသစ်မှု
Alibaba 相信小的伟大
The greatness of small
Amazon
Everything store
ကိုယ့်လုပ်ငန်းရဲ့ philosophy ရှိရင်
ဒီကနေ strategic narrative
တည်ဆောက်လို့ရသွားပြီ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay