Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Plan ဆိုတာ တစ်ခါချပြီးပြီးသွားတာမဟုတ်ဘူး။
အမြဲတွေးဆကြံစည်နေရတာမျိုး။

လုပ်ငန်းစတင်ပြီး သုံးနှစ်ပြည့်တဲ့အခါ
တစ်လကို အသားတင် သိန်းတစ်ရာတော့
အနည်းဆုံးမြတ်နေဖို့လိုတယ်လို့
လုပ်ငန်းရှင်အများစုယူဆကြတယ်။

ဒါပေမယ့် တကယ်တမ်း
ဝန်ထမ်းအယောက် ၂၀ အောက်
လည်ပတ်နေတဲ့လုပ်ငန်းတချို့ဟာ
ဒီ အမြတ်မထွက်ကြဘူးဆိုတာ
သိရပြန်တယ်။

ဒါကြောင့် လုပ်ငန်းရှင်တွေအတွက်
milestone တစ်ခုလိုတယ်။
ဘယ်အချိန်မှာ
operating expenses တွေကျေမလဲ။
ဘယ်အချိန်မှာ ၁၀ သိန်းအထက်
စမြတ်မလဲ။
ဘယ်အချိန်မှာ ၁၀၀ အထက်၊
ဘယ်အချိန်မှာ ၁၀၀၀ အထက်
အစရှိသည် milestone ချထားဖို့လိုတယ်။

ရှုံးတဲ့လတွေရှိခဲ့ရင်လဲ
ပြန်လည်သင်ခန်းစာယူဖို့လိုတယ်။
ဒါတွေလုပ်ဖို့ လုပ်ငန်းကို plan ချဖို့လိုတယ်။

Plan ဆိုတာ တစ်ခါချပြီးပြီးသွားတာမဟုတ်ဘူး။
အမြဲတွေးဆကြံစည်နေရတာမျိုး။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​