Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Planning System နဲ့ အချက် ၁၁ ချက်

ကျွန်တော်အသုံးပြုဖြစ်တဲ့
Planning System နဲ့ အချက် ၁၁ ချက်

ဒီနေ့လို အပြောင်းအလဲ များတဲ့ခေတ်မှာ
Plan ချတဲ့ပုံစံမှန်ဖို့ ပိုအရေးကြီးပါတယ်။

၁။ အိမ်မက်တွေကို ပြန်တူးဆွပါ။

ကိုယ့် company မှာ အိမ်မက်တွေရှိလိမ့်မယ်။
ဒီ အိမ်မက်ကို Vision အနာဂတ်အမြင်အနေနဲ့ပြောင်းပါ။
ဒါက ဆယ်နှစ်၊ နှစ်နှစ်ဆယ် လောက်ကြာမည့်
အနာဂတ်အမြင်ဖြစ်ပါမယ်။

၂။ မဟာဗျူဟာအကြမ်းချပါ။

ဘယ်လိုသွားမလဲဆိုတဲ့ မဟာဗျူဟာအကြမ်းကို
စဥ်းစားကြည့်ပါ။

မဟာဗျူဟာအကြမ်းတည်ဆောက်တဲ့အခါ
ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး၊ နည်းပညာ အခြေအနေတွေကို
သေချာ သုံးသပ်နိုင်မှုလိုပါတယ်။
ဒီ Situational Analysis သေချာလုပ်နိုင်ဖို့လိုပါတယ်။

၃။ မှန်ကန်တဲ့မျှော်မှန်းချက်ထားပါ။

မဟာဗျူဟာတစ်ခု အလုပ်ဖြစ်မဖြစ်သည်
မှန်ကန်မှုနဲ့ အနီးစပ်ဆုံးဖြစ်တဲ့
မျှော်မှန်းချက် ထားနိုင်၊ မထားနိုင်အပေါ်
အများကြီး သက်ဆိုင်ပါတယ်။

အကောင်းပဲဇွတ်မြင်လို့မရသလို၊
အဆိုးပဲ ဇွတ်မြင်လို့လဲမရဘူး။
အခြေအနေနဲ့ “အနီးစပ်”ဆုံး တွေးမြင်သုံးသပ်နိုင်ဖို့
သတင်းအချက်အလက် များနိုင်သမျှ
များများကို သုံးသပ်နိုင်ဖို့လိုပါတယ်။

ဒီလိုသုံးသပ်တဲ့အခါ ရေတို တစ်နှစ်အတွင်း၊
ရေလတ် သုံးနှစ်နဲ့ ငါးနှစ်ကြား၊
ရေရှည် ငါးနှစ်အထက် သုံးသပ်ဖို့လိုပါတယ်။

၄။ Strategic Narrative ဖန်တီးပါ။

ဒီတော့မှ မဟာဗျူဟာအကြမ်းသတ်မှတ်ပြီး
ကိုယ့် team ကို သိအောင်
Strategic Narrative တည်ဆောက်ရပါတယ်။

လုပ်ငန်းအများစု တိုင်ပတ်တာက
မှန်ကန်တဲ့ မျှော်မှန်းချက်မထားနိုင်တဲ့အတွက်
စီမံကိန်းတွေ လွဲကုန်တာဖြစ်ပါတယ်။
ဒီတော့ ဖြစ်ပေါ်လာတဲ့ သဒင်္ဂအခြေအနေကို
တုန့်ပြန်နေရတာမျိုး ပိုဖြစ်တတ်ပါတယ်။

ဒီပေါ်မူတည်ပြီး သက်ဆိုင်ရာ
ရည်မှန်းချက်ပန်းတိုင်နဲ့
plan တွေ ချမှတ်ပါတယ်။

၅။ ရည်မှန်းချက် အဆင့်သုံးမျိုးခွဲပါ။

ရည်မှန်းချက်ကို သုံးခုချပါတယ်။
အနည်းဆုံးလက်ခံနိုင်တဲ့ minimum target
နောက် ပုံမှန်ဖြစ်ရမည့် average target
တကယ့်ကိုကောင်းတဲ့ ရလဒ် extra-ordinary ပါ။
ဘယ်လောက်ဆိုးတဲ့အခြေအနေပဲဖြစ်ဖြစ်
minimum အနိမ့်ဆုံးကိုတော့ရကိုရရပါမယ်။
ရနိုင်တဲ့ target ကိုပဲ ချပါတယ်။

၆။ ရည်မှန်းချက် အကန့်လေးမျိုးခွဲပါ။

ဝင်ငွေ နဲ့ ဝင်ငွေလမ်းကြောင်း
income stream development တွေ၊
ဖောက်သည်တွေနဲ့ ပတ်သက်တဲ့
customer development တွေ၊
ကိုယ့်လုပ်ငန်းရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှု
product & service development
အထက်က အရာတွေကို မောင်းနှင်တဲ့
learning and development of competitive advantages ပါ။

၇။ Competitive advantage ကိုအမြဲတိုးတက်အောင်လုပ်ပါ။

အောင်မြင်တဲ့
ကိုယ့်လုပ်ငန်းမှာ တခြားလုပ်ငန်းတွေထက်
ထူးခြားပြီး တခြားသူတွေယှဥ်လို့မရတဲ့
အချက်တစ်ချက်ထက်မနည်းရှိတတ်ပါတယ်။
ဒီအချက်တွေကို လစဥ်၊ အပတ်စဥ်အားဖြည့်နေဖို့လိုပါတယ်။

ဒီအချက်မှာလဲ အတွင်းပိုင်း
internal learning and development ပိုင်းရှိသလို
အပြင်ပိုင်းမှာ customer development ပိုင်းရှိပါတယ်။
အတွင်းပိုင်းအတွက် new product development
ကုန်ပစ္စည်းအသစ်တွေ ဖန်တီးပြီး
လေ့ကျင့် လက်သွေးခိုင်းသလို၊
အပြင်ပိုင်းအတွက် content တွေဖန်တီးပြီး
customer engagement ကို ပိုးမွေးသလိုမွေးထားပါတယ်။
(ဒီအကြောင်းကိုလဲ မကြာမီလာမည့်
Sapwar Marketing မှာ အသေးစိတ်လာပါမယ်။)

၈။ Agile Project Management စနစ်သုံးပါ။

ဒီပေါ်မူတည်ပြီး Integrator လို့ခေါ်တဲ့
Project Manager က
Team ရဲ့ performance လုပ်ဆောင်ရည်ကို
တိုင်းတာပါတယ်။
နေ့စဥ်နီးပါး အလုပ်မစခင် meeting လုပ်ပါတယ်။

ဒီနေ့လို အပြောင်းအလဲမြန်တဲ့ခေတ်မှာ
Agile Project Management ကို
မြန်မာပုံစံပြောင်းသုံးပါတယ်။

နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲပေါ်မူတည်ပြီး
priority တွေ အပြောင်းအလဲရှိတတ်ပြီး၊
Sprint လို့ခေါ်တဲ့ တာတို plan တွေ
ကြားထဲ အကောင်အထည်ဖော်တာမျိုးလုပ်ပါတယ်။

ဥပမာ Toe Tet Online Learning Platform အတွက်
၁၀ လ လောက်ကြာမယ်။
ဒီအတွက်လိုအပ်မည့် feature တွေပါတဲ့
Product တစ်ခုကို သုံးလ အရင်ထုတ်ပါတယ်။
ဒီမှာ လေ့လာလို့ရတဲ့ အချက်အလက်တွေကို
Toe Tet ရေးတဲ့အခါ ပြန်သုံးပြီး
update လုပ်ပါတယ်။

၉။ Strategic Planning framework

Strategic Planning လုပ်တဲ့အခါ
MOST လို့ခေါ်တဲ့ framework အတိုကောက်မှတ်လို့ရပါတယ်။

Mission သမိုင်းပေးတာဝန်၊ Vision အနာဂတ်အမြင်
Objective ရည်မှန်းချက်ပန်းတိုင်အဖြစ်ပြောင်း
Strategy မဟာဗျူဟာချမှတ်ခြင်း
Tactics ဘယ်သူကတော့ ဘယ်အရာကို ဘယ်အချိန်မှာ
ဘယ်လောက်သုံးပြီး ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ဗျူဟာဖြစ်ပါတယ်။

၁၀။ S ၇ လုံးကို သတိပြုပါ။

လုပ်ငန်းတစ်ခုဆိုတာ
တန်ဖိုးထားမှု Shared Values ပေါ်မူတည်ပြီး
မဟာဗျူဟာ Strategy
ဖွဲ့စည်းပုံ (လူမှန်၊ နေရာမှန်) Structure
အလုပ်လုပ်ဆောင်လည်ပတ်တဲ့နည်းလမ်း System
ကိုယ့်လုပ်ငန်းတွင်းဝန်ထမ်းတွေ Staff
သူတို့ရဲ့ကျွမ်းကျင်မှု Skills
ဦးဆောင်မှုပုံစံ Style
ဒီ S ခုနှစ်လုံးပေါ်မူတည်ပါတယ်။

လုပ်ငန်းတစ်ခု အောင်မြင်ဖို့
စနစ်တစ်ခုတည်းနဲ့မရသလို၊
မဟာဗျူဟာ တစ်ခုတည်းနဲ့လဲမရပါဘူး။

ဒီ ၇ ခု အချိပ်အဆက်မိဖို့လိုပါတယ်။
ဒါကို Mckinsey’s 7S framework လို့လဲခေါ်ပါတယ်။

၁၁။ တန်ဖိုးထားမှု Shared Values အခရာကျတာသတိပြုပါ။

အမာထည်ဖြစ်တဲ့ Structure, System နဲ့ Strategy
အပျော့ထည်ဖြစ်တဲ့ Style, Staff, Skill ဒီအရာတွေကို
ချိပ်ဆက်ပေးတဲ့အရာကို Shared values လို့ခေါ်ပါတယ်။

တန်ဖိုးထားမှုပါ။
ကိုယ့်လုပ်ငန်းမှာ ဘာတန်ဖိုးထားလဲ
သေချာမချမှတ်ထားရင် ဒီ ၇ ခု အလုပ်လုပ်မှာမဟုတ်ပါဘူး။

ကျွန်တော်တို့နဲ့ အလုပ်လုပ်မယ်ဆိုရင်တော့
Customer first ဖောက်သည်နံပတ်တစ်
Move fast အရွေ့မြန်ဖို့အရေးကြီးတယ်
Work hard အလုပ်ကိုပိုးစိုးပက်စက်လုပ်
Learn every day နေ့စဥ် သင်ယူ
ဒီလေးခုနဲ့ပဲ အဓိကသွားပြီး
လူသားတွေရဲ့ ဘဝကို ပညာရေးနဲ့ နည်းပညာအသုံးပြုပြီး
အပြောင်းအလဲဖြစ်စဥ်မှာ ကူညီပေးရေး
Transforming lives through education and technology က
Mission ပါ။

ကိုယ့်လို စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက်
အတွေးတစ်စုံတစ်ရာ ရစေမယ်လို့ယူဆပါတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​