လူတိုင်းက မီးလောင်နေတယ်။
ဆင်းရဲမွဲသေသူကစလို့
ကမ္ဘာ့အချမ်းသာဆုံးသူအထိ
အကုန်မီးလောင်နေတယ်။
ဒါကတော့ ကိလေသာမီးဖြစ်ပြီး
လောဘ၊ ဒေါသ၊ မောဟနဲ့
နေ့စဥ် လောင်မြိုက်နေကြတယ်။
လိုချင်တဲ့အရာတွေပြည့်ရင်
ပျော်တယ်လို့ထင်တတ်ကြတယ်။
နောက်သူ့ထက်ပိုလိုတတ်ကြတယ်။
လိုချင်တဲ့အရာမရတဲ့အခါ
ဒေါသတွေဖြစ်တတ်ကြတယ်။
အမှန်ကိုမမြင်နိုင်တဲ့ မောဟတွေရှိတယ်။
ကိလေသာမီးလောင်တဲ့အခါ
အခိုးအငွေ့တွေက
အာရုံခြောက်ပါးကညစ်ညမ်းမှု
မီးခိုးတွေထွက်ပေါ်လာတယ်။
မီးလောင်လို့ပူလောင်နေတာ
သံသရာဝဋ်ဒုက္ခ။
မီးငြိမ်းသွားတဲ့အချိန်
နိဗ္ဗာန်ရောက်တယ်လို့
ဗုဒ္ဓက ဆုံးမခဲ့တယ်။
တောတွေရှားပါးသွားတဲ့ခေတ်မှာ
တောထွက်ရအောင်ကလဲမဟုတ်သေးဘူး။
လူတောထဲမှာဘဲ
ဘဝကို အထာကျကျဖြတ်သန်းပြီး
ကိလေသာမီးငြိမ်းဖို့က
ပါရမီဆယ်ပါး ဖြည့်ဆည်းဖို့ပဲရှိမယ်။
ပါရမီဆိုတာ နိဗ္ဗာန်ရောက်ကြောင်း
ကောင်းမှုဆယ်ပါး ဖြစ်ပြီး
ပါရမီ ၁၀ ပါးရှိပါတယ်။
၁။ ဒါနပါရမီ – စွန့်ကြဲခြင်း
၂။ သီလပါရမီ – ကိုယ်၊ နှုတ်၊ စိတ် စင်ကြယ်စေခြင်း
၃။ နိက္ခမပါရမီ – ကာမဂုဏ်တွေကနေ ထွက်ခွာခြင်း
၄။ ပညာပါရမီ – အမှန်တရားကို သိမြင်ခြင်း
၅။ ဝီရိယပါရမီ – ကြိုးစားအားထုတ်ခြင်း
၆။ ခန္တီပါရမီ – သည်းခံခြင်း
၇။ သစ္စာပါရမီ – မှန်ကန်ခြင်း
၈။ အဓိဋ္ဌာနပါရမီ – ခိုင်မြဲစွာ ဆုံးဖြတ်ခြင်း
၉။ မတ်ေတာပါရမီ – မတ်ေတာထားခွငျး
၁၀။ ဥပေက္ခာပါရမီ – လျစ်လျူရှုခြင်း
ဒီပါရမီဆယ်ပါးကို
poor, average နဲ့ excellent ပြန်ခွဲလို့ရတယ်။
၁။ ပါရမီ – သာမန်အဆင့်
၂။ ဥပပါရမီ – အလယ်အလတ်အဆင့်
၃။ ပရမတ္ထပါရမီ – အမြင့်ဆုံးအဆင့်
လောလောပြီး
ကျရာနေရာ ကနေရတဲ့
လောကရဲ့
လောကီရေးရာမှာ
ကိလေသာမီးငြိမ်းအောင်
ပါရမီဆယ်ပါးကို
သံသရာတစ်ကွေ့
ဒီတစ်နေ့ နေ့စဥ်
ဖြည့်နေရမှာပဲ။
ဒီတော့ ကိုယ့်ကိုကိုယ်နေ့တိုင်း
ပြန်မေးကြည့်တယ်။
ဒီနေ့ကျွန်တော်
၁။ ပိုတော်လာလာလား။
၂။ ပိုပျော်လာလား။
၃။ ပိုပွားများလာလား။
၄။ လူတွေကို ပိုပေးဆပ်ဖြစ်လား။
(အသိပညာ၊ အဿပွာ၊
အလုပ်နဲ့ တစ်ခုခုပေါ့။)
Phyo Paing @ Derek