Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Power ရဲ့ အရသာကြောင့်လူတွေ
ပြောင်းလဲသွားကြတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ထောင်လောက်က
Calendar ကိုအသစ်ပြန်တီထွင်ခဲ့တဲ့
Julius Caesar ဟာ ရောမရဲ့
Consul ဖြစ်ဖို့အတွက်ကို
Senate ရဲ့ လက်ခံမှုရဖို့
သူ့ရန်သူ Pompey ကို
သူ့သမီးဆက်သခဲ့တယ်။


အီဂျစ်မှာ Cleopatra ကလီယိုပက်ထရာက
သူ့မောင်အရင်းဖြစ်တဲ့
Ptolemy XIII နဲ့ လက်ထပ်ထားပြီး
အီဂျစ်ကိုအုပ်ချုပ်တယ်။

Cleopatra ဟာ သူ့မောင် အရင်းဘုရင်
Ptolemy XIII ကိုသတ်ခဲ့သလို
Caesar နဲ့ရတဲ့ ကလေး Caesarion မွေးတဲ့အခါ
Power ကို သားတော်ကိုပေးဖို့
သူ့နောက်မောင်တစ်ယောက်ဖြစ်တဲ့
Ptolemy XIV ကိုအဆိပ်ခပ်သတ်လုပ်ကြံခဲ့တယ်။


အီဂျစ်မှာ ၆ နှစ်ကြာပြီး
Caesar ရောမပြန်ရောက်ချိန်မှာ
တိုင်းပြည်ကရစရာမရှိဖြစ်နေတယ်။
တိုင်ပြည်ပြန်လည်ထူထောင်ချင်တယ်။
ဒါကြောင့် ဆယ်နှစ်တာ အာဏာရှင်အဖြစ်ရှိနေဖို့
Senate ရဲ့ ထောက်ခံမှုယူတယ်။​

ဆယ်နှစ်ပြည့်တော့ ထာဝရ ဘုရင်အဖြစ်ရှိနေဖို့
Senate ရဲ့ထောက်ခံချက်ရယူရာမှာ
ဓားဒဏ်ရာ ၂၃ ချက်နဲ့ Senate မှာ
လုပ်ကြံသတ်ဖြတ်ခံရတယ်။


Caesar သေဆုံးတဲ့နောက်ပိုင်းမှာ
Cleopatra နဲ့ Caesar ရတဲ့ကလေးကတော့
အီဂျစ်မှာ နှစ်ပတ်ပဲ နန်းတက်ရပြီး လုပ်ကြံခံရတယ်။
(မြန်မာပြည်ရဲ့ ဖောင်းကားစားမောင်မောင်
နန်းတက်ရက် ၇ ရက်လိုပဲ။)

Cleopatra ဟာ Caesar သေဆုံးချိန်မှာ
အခြေနေမပျက်အောင် Caesar ရဲ့တပည့်
ရောမမှာ အာဏာရနေတဲ့ Mark Antony နဲ့
ပြန်လည်လက်ထပ်ခဲ့တယ်။

သာမာန်ပြည်သူအနေနဲ့ နေထိုင်တဲ့ဘဝက
အေးဆေးဖြစ်ပေမယ့်
အာဏာနဲ့ ငွေရှာတော့မယ်ဆို
ပြိုင်ဆိုင်မှုတွေ အကွက်ရွေ့မှုတွေက
သင်ထင်ထားတာထက် ပိုဆိုးနိုင်တယ်။

လူတွေဟာ Power ရဲ့အရသာကိုတွေ့သွားရင်
အရင်လို Power မရှိတဲ့ဘဝကို ပြန်ရောက်မှာ
အလွန်ကြောက်တတ်တဲ့အတွက်
ဘယ်နည်းနဲ့မဆို Power ရထားဖို့ လုပ်လိမ့်မယ်။​

(ဒီ သာဓကကို အရှေ့အလယ်ပိုင်းမှာ
ကဒါဖီတို့ကအစ တစ်ကမ္ဘာလုံးမှာတွေ့ရလိမ့်မယ်။)

ဘဝမှာ နေပျော်ဖို့ Philosophy တစ်ခုလိုတယ်။
Stoic Philosophy လို့ခေါ်တယ်။

3 Jan 2020 က ရေးခဲ့တာလေး
အတွေးတစ်စုံတစ်ရာရစေလိမ့်မယ်လို့
ယူဆပါတယ်။

Phyo Paing @ Derek

Share Your Idea!​