နေ့တိုင်း အိုင်ဒီယာတစ်ခုထိုင်ရေးတော့
ရေးချင်ချင်၊ မရေးချင်ချင်
စိတ်ခံစားမှုရှိမှ လုပ်တဲ့အဆင့်ကို
ကျော်လွန်ပြီး ရေးဖြစ်သွားတယ်။
ဖောက်သည်နဲ့တွေ့တဲ့အခါ
စိတ်ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ
ပြုံးပြပြီးသူတို့အဆင်ပြေအောင်လုပ်ပေးတာ
စိတ်ခံစားမှုကို ကျော်လွန်ပြီးလုပ်ဆောင်တဲ့
အဆင့်ဖြစ်သွားတယ်။
ကိုယ့်လုပ်ငန်းအတွက် စီမံကိန်းရေးဆွဲတာ
ရင်ခုန်စရာကောင်းသည်ဖြစ်စေ၊
ပျင်းစရာကောင်းသည်ဖြစ်စေ
တကယ် စီမံကိန်းရေးဆွဲဖြစ်သွားတာ
စိတ်ခံစားမှုရဲ့ အလွန်ဖြစ်တယ်။
စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ
ကမ္ဘာ့ထိပ်တန်းဘော်လုံးသမားတစ်ယောက်က
လေ့ကျင့်ခန်းပုံမှန် ဆင်းနေတယ်။
Phyo Paing @ Derek