Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Product တစ်ခုတည်းကို
promote လုပ်တဲ့ခေတ်က
ကုန်သလောက်ရှိခဲ့ပြီ။


Kylie Cosmetics ဖြစ်ပေါ်လာပုံတို့၊
MrBeast Burger တို့၊
Chamberlain Coffee တို့ကိုကြည့်ရင်
Influencer ကိုယ်တိုင်ထုတ်တဲ့
brand တွေရဲ့ power ကို
သတိထားမိလိမ့်မယ်။

ဒါအဘိုးခေတ်၊ အဖေခေတ်မှာ
လုပ်လို့ မလွယ်တဲ့ ကိစ္စ။

ဒီနေ့ခေတ်က product တွေကို
အဓိက promote လုပ်တာထက်
Personality တို့၊ Philosophy တို့ကို
အဓိက promote လုပ်တဲ့ခေတ်
ဖြစ်လာပြီ။​

Apple ဆို Privacy ကို promote လုပ်တယ်။​
Facebook ဆို Connectivity ကို promote လုပ်တယ်။
Google ဆို information democratization ကို
promote လုပ်တယ်။

Xiaomi ဆို လူတိုင်းအတွက် တီထွင်ဆန်းသစ်မှု
Innovation for everyone ကို promote လုပ်တယ်။
Alibaba ဆို 相信小的伟大 ဆိုပြီး
small is beautiful ဆိုပြီး SME တွေရဲ့ power ကို
promote လုပ်တယ်။​

ဒီနေ့ခေတ်က ငါ့ product က
သူ့ထက် quality ပိုကောင်းတယ်၊
customer service ပိုကောင်းတယ်
ပြောတဲ့ခေတ်မဟုတ်တော့ဘူး
အားတီတို့၊ အားမေတို့။

ဒီနေ့ခေတ်က personality နဲ့
philosophy ကို promote လုပ်တဲ့ခေတ်။
Superfan တည်ဆောက်တဲ့ခေတ်။

Phyo Paing @ Derek

Share Your Idea!​