အချစ်ရေးတင်မဟုတ်ဘူး။
မိဘနဲ့ သားသမီးကြားဆက်ဆံရေးလဲပါတယ်။
ဘဝ အရည်အသွေးတစ်ခုပဲ။
ကိုယ့်ကိုနားလည်တဲ့မိဘနဲ့
ကိုယ့်ကိုနားမလည်တဲ့မိဘ
နှစ်ယောက်ကြားဖြတ်သန်းရတဲ့ဘဝပုံစံက
တူမှာမဟုတ်ဘူး။
ကိုယ်က လောကုတ္တရာမှာ
တရားမရသေးဘူး၊
တစ်ယောက်တည်းနေ၊
တစ်စိတ်တည်းမထားတတ်သေးဘူးဆိုရင်
လူတွေနဲ့ဆက်ဆံရမှာပဲ။
လူတွေနဲ့ပေါင်းသင်းဆက်ဆံမှုမပြုရရင်
အထီးကျန်မှာပဲ။
Relationship ဆက်ဆံရေးတိုင်းက
တစ်ယောက်နဲ့ တစ်ယောက်
နားလည်မှုရှိရင် အရာရာဆိုပြေတယ်။
အရင်က ဒီ relationship လျှို့ဝှက်ချက်
codes တွေကို မရှာဖွေနိုင်စဥ်က
နှစ်ပေါင်းများစွာ တိုင်ပတ်ခဲ့တယ်။
Relationship ဆိုတာ လူတွေနဲ့
ဆက်ဆံရေးတည်ဆောက်ရတာဖြစ်တဲ့အတွက်
လူ့အကြောင်း၊ လူ့သဘောမနော၊
ဖြတ်သန်းကြီးပြင်းလာတဲ့ ယဥ်ကျေးမှု၊
ကမ္ဘာကြီးကိုမြင်တဲ့ပုံစံ mental model
တန်ဖိုးထားမှု values နဲ့
တွန်းအားပေးတဲ့ motivation
ခေါင်းထဲထည့်ထားတဲ့အတွေးအခေါ်၊
ယုံကြည်မှု၊ တုန့်ပြန်မှု
ဒါတွေ အကုန်လုံးသိထားဖို့လိုနိုင်တယ်။
တပြိုင်တည်းမှာ
မိဘ၊ သားသမီး၊ သမီးရည်းစား၊ လင်မယားက
တန်ဖိုးထားမှု၊ လောကအမြင်တွေတူရင်
ဘယ်လောက်ခက်ခဲတဲ့ ဒုက္ခကြားဖြစ်ဖြစ်
ဘဝအရည်အသွေး quality of life က
ကောင်းနေမှာပဲ။
The quality of your relationship is
the quality of your life တဲ့။
တခြားသူတွေနဲ့ relationship ကောင်းချင်ရင်
ကိုယ့်ကိုယ်ကိုယ် relationship ကောင်းအောင်
အရင်လုပ်။
အောင်းနေတဲ့ Trauma တွေမကုနိုင်ရင်
ဘဝရဲ့ Drama တွေ ဆုံးမှာ မဟုတ်။
Phyo Paing @ Derek