Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

relationship ဆိုတာ
team building တစ်ခုပဲ

Relationship တစ်ခု လတ်ဆတ်နေဖို့
နှစ်ဦးစလုံး နေ့စဥ်ပိုကောင်းတဲ့ version ဖြစ်နေဖို့လိုတယ်။
ဒီလိုဖြစ်ဖို့ နှစ်ဦးနှစ်ဖက်စလုံး
ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။
နောက် ကိုယ့် partner ကို နားလည်ဖို့အရေးကြီးတယ်။

သေချာနားလည်ပြီဆိုရင် သူ့ကို
အရှိကို အရှိအတိုင်း လက်ခံနိုင်ဖို့လိုတယ်။
Relationship တစ်ခုမှာ တစ်ယောက်ယောက်က
အရင်ကလို အရမ်းကောင်းတဲ့ version မဟုတ်တော့တဲ့အခါ
ကိုယ့်ဖက်က လက်ခံနိုင်မလား အရေးကြီးတယ်။
ယောကျာ်းဆိုလဲ အရင်လို
ငွေရှာဖို့ အင်အားတွေမရှိတော့တဲ့အခါ၊
အမျိုးသမီးဆိုလဲ အရင်လိုမလှတော့တဲ့အခါ
လက်ခံနိုင်မလား။

အမှန်တော့ relationship ဆိုတာ
team building တစ်ခုပဲ။
တန်ဖိုးထားမှုတွေ တူဖို့၊
တူညီတဲ့အနာဂတ်တစ်ခုကို အတူတည်ဆောက်ဖို့
တစ်ယောက်နဲ့ တစ်ယောက်နားလည်ဖို့ကလိုတယ်။
ဒါပေမယ့် အလုပ်ခွင်မတူတဲ့အခါ၊
ခေါင်းထဲကိုထည့်တဲ့
သတင်းအချက်အလက်တွေမတူတဲ့အခါ
မြင်တဲ့အမြင်တွေ မတူတဲ့အချိန်တစ်ခု
ရောက်လာလိမ့်မယ်။

ဒီလိုမဖြစ်အောင် ပုံမှန်ဆက်သွယ်မှုပြုဖို့လိုသလို
အလုပ်အကြောင်းပြောဖို့လိုတယ်လို့ထင်တယ်။

Phyo Paing @ Derek

Share Your Idea!​