Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Relationship တစ်ခုတည်ဆောက်တယ်ဆိုတာ

လူ့ဘဝရဲ့ အနှစ်သာရက
သူ့ရဲ့ relationship ရဲ့ အရည်အသွေးပဲ။
ဒါကြောင့် တချို့လူတွေ
ချစ်ကျွမ်းဝင်တဲ့အခါ အရာရာကို
အကောင်းမြင်လို့။
အသည်းကွဲတဲ့အခါလဲ
ဘဝကြီးက ဘူလို့ကို မဆုံးဘူး။

အဲ့ဒီ relationship မှာလဲ ဓာတ်တွေရှိတယ်။
တချို့လူတွေနဲ့ တွေ့တဲ့အခါ
လောဘတွေ ကြီးလာတတ်တယ်။
တချို့လူတွေနဲ့ဆို ကြောက်စိတ်တွေ
ကြီးလာတတ်တယ်။
တချို့နဲ့ဆို romantic ဖြစ်တဲ့ခံစားချက်၊
တချို့ကျတော့လဲ အသံကြားတာနဲ့
ငါ့ရစ်တော့မယ်ဆိုတဲ့ စိတ်ညစ်စရာ။
တချို့က စိတ်မောပန်းမှုကိုပေးတယ်။
တချို့က နားလည်မှု။

Relationship တစ်ခုတည်ဆောက်တယ်ဆိုတာ
လူမှုသိပ္ပံပညာတစ်ခုပဲ။
ငွေကြေးပိုင်ဆိုင်မှု အရမ်းကွာလို့မရဘူး။
ပညာရေး အရမ်းကွာလို့မရဘူး။
အသိုင်းအဝိုင်းမှာ အရမ်းကွာလို့မရဘူး။
That’s a fact ပဲ။
ဒီ social tier မှာ level ၂ ခုနဲ့ အထက်ကွာရင်
ရေရှည်မှာ တိုင်ပတ်နိုင်တယ်။

ပြီးရင် ငယ်ဘဝရဲ့ ဖြတ်သန်းမှုနဲ့
ပြဿနာတစ်ခုကို ဖြေရှင်းတဲ့ပုံစံတွေကလဲ
တော်တော် စကားပြောတတ်တယ်။

တကယ်တမ်း တစ်ယောက်တည်းနေတာတောင်
ကိုယ့်အတွေးနဲ့ ကိုယ် တိုင်ပတ်နေတတ်တာ။
နှစ်ယောက်နေရင် တိုင်ပတ်တာက
တစ်ခါမဟုတ် တစ်ခါ ခဏခဏကြုံမှာပဲ။
ဒါကြောင့် Choose your struggle ဆိုတဲ့အတိုင်း
ကြုံလာမည့် ပြဿနာတွေကို
ငါ handle လုပ်နိုင်သလားက
မှန်ကန်တဲ့ မေးခွန်းဖြစ်ကောင်းဖြစ်နိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​